မျက်ရည် အတ္ထုပတ္တိ
Episode = 1
••••••••••••••••••••••••••••••••••••••
'' ဂျိမ်း ''
ကျယ်လောင်သောမိုးခြိမ်းသံ ကြားလိုက်သောအချိန် သူ့ခန္ဓာကိုယ်သည်
ဆက်ခနဲ တစ်ချက်တုန်သွားသည်။ သူ့ခေါင်းပေါ်ရှိ သွပ်အမိုးပြားပေါ်သို့
မိုးစက်များ ခုန်းဆင်းလာသံကြားရသည်။ နှလုံးသွေးတို့ ဆူဝေလာ
ကြသည်။ ခုတင်ပေါ် ထိုင်နေရာမှ မတ်တပ်ထရပ်လိုက်မိသည်။မိုး.........မိုးတွေရွာနေပြီ မိုးတွေ ရွာနေပြီ ''
အသိဝိညာဉ် ကင်းမဲ့နေသူတစ်ဦးပမာ သူ လမ်းလျှောက်သွားမိသည်။
သွပ်အမိုးပေါ် မိုးစက်ကျသံများက ပို၍ ပို၍ ပြင်းထန်လာလေပြီ ထို့အတူ
သူ့ခန္ဓာကိုယ်အတွင်းရှိ သွေးတို့သည်လည်း ပြင်ထန်စွာ ဆူဝေနေကြပြီ
အစောက ငြိမ်သတ်နေသော သူ့နှလုံးသားသည်လည်း အပြင်သို့ ခုန်ထွက်တော့မည်အလား တွန်းထိုးရုန်းကန်နေလေပြီ။သူ့ခြေလှမ်းတို့ တုန့်ဆိုင်းလို့သွားကြသည်။ သူ့ခြေလှမ်းတွေ ဆက်လျှောက်၍ မရတော့ သူ့ရှေ့တွင် သံတိုင်များက စီးကာလို့တားနေကြ
သည်။'' လွှတ် '' ငါ့ကို လွှတ် ငါ့ကို ဘာလို့ပိတ်လှောင်ထားကြတာလဲ ''
သံတိုင်များအား အတင်းလှုပ်ခါကာ သူအော်သည်။ သို့သော် မည်သူမျှ
သူ့အနားရောက်မလာကြ သံတိုင်ကို ဆုပ်ကိုင်ရင်း သူ့ဒူးတို့ညွှတ်ခွေကျ
သွားတော့သည်။ အပြင်လောက၌ မိုးသည်။ သည်းသည်းမည်းမည်း
အားကောင်းစွာ ရွာသွန်းလို့နေပါ၏။'' လွှတ် ကျွန်တော့်ကို တံခါးဖွင့်ပေးကြပါဗျာ ...... ကျွန်တော့် ချစ်သူလေး
ကျွန်တော့်ကို စောင့်နေလို့ပါ ကျွန်တော် သွားမှဖြစ်မယ်...မိုးရေထဲမှာ သူ
စောင့်နေရှာမှာဗျ''......ကျွန်တော့်ကို လွှတ်ပေးကြပါဗျာတောင်းပန်ပါတယ်......ကျွန်တော့်ကို လွှတ်ပေးကြပါ သူ......သူ တစ်ယောက်ထဲ ကြောက်နေတော့မယ်''......
ပြောလည်းပြော သံတိုင်ကိုလည်း ဒေါသတကြီး တွန်းထိုးနေမိ၏။
''တဂျိုင်း ဂျိုင်း ''နဲ့ သံတိုင်လှုပ်ခါသံက ဆူညံစွာ ထွက်ပေါ်လို့နေသည်။
ထိုအခါ လူတစ်ချို့ သူရှိရာ
YOU ARE READING
မျက်ရည် အတ္ထုပတ္တိ
Fanfictionကောင်းကင် ပြာကြီးထဲတွင် ငှက်တစ်အုပ် လွတ်လပ်စွာပျံသန်းလို့သွားတာကို မျက်စိတစ်ဆုံးငေးကြည့်နေမိသည်။ အခုနေ သူသာ ငှက်ကလေး တစ်ကောင်ဖြစ်လျှင် ကိုကို့ဆီကို ပျံသန်းသွားချင်လိုက်တာ။ မျှော်လင့်ချက်တွေ တလူလူနဲ့ ရှင်သန်နေထိုင်ရတဲ့ဘဝကြီးဟာ သိပ်နေလို့ထိုင်လို့ ကေ...