Episode =2

13 1 0
                                    

မျက်ရည် အတ္ထုပတ္တိ

Episode = 2

••••••••••••••
အတိတ်ကိုသတိရသွားသော ပြည့်စုံ၏မျက်ဝန်းတို့၌ ဆွေးရီမှိုင်းဖျော့လို့သွားတော့သည်။ ဒေါက်တာဝင်းကိုတစ်ယောက်
ပြည့်စုံပြောသော အကြောင်းအရာများကြား မျောပါသွားတော့သည်။
နာရီတွေ နောက်ပြန်လည်ကုန်၏။ ကော်ဖီခွက်များက အေးစက်လို့......'

အခန်း ( ၁ )

ရှင်သန်ချိန်တိုတောင်းလွန်းတဲ့ ဘဝကို သူကတော့ လူပီသစွာ အေးအေးဆေးဆေးနေထိုင်ဖြတ်သန်းချင်လာသည်။
ဝှိုက်ဘုတ် ( White board )ဖြူလေးအပေါ်တွင် သူ စာရေးနေစဉ်
ဘုတ်ဘုတ် နှင့် ညိုညိုတို့ထံမှ ကျွတ်စီကျွတ်စီ ဆူညံသံထွက်လာ၍ သူ
တစ်ချက်လှမ်းငေါက်ရသေးသည်။ ကလေးနှစ်ဦးက သူ လှန်းမန့်လိုက်
တော့လည်း မျက်နှာပိုးလေးတွေ ကိုယ်စီသတ်ကာငြိမ်သက်သွား
ကြတော့သည်။

တကယ်တော့......ဝေညိုသည်။ ကျူရှင်ဆရာမဟုတ်သလို ကျောင်းဆရာ
တစ်ယောက်လည်းမဟုတ်ချေ သူနှင့်

သူနှင့် အိမ်ချင်းကပ်လျက်မှ နွမ်းပါးသော ကလေးငယ်နှစ်ဦးကို အခမဲ့
စာလာသင်ပေးခြင်းမျိုးဖြစ်သည်။ နွမ်းပါးသောမိသားစုဖြစ်သောကြောင့်
ကလေးငယ်နှစ်ဦးအား ကျောင်းပင် အနိုင်နိုင်ထားရ၍ ပြင်ပကျူရှင်မထား
ကြပါချေ အဲဒီအခါ ကလေးနှစ်ဦးမှာ စာမလိုက်နှိင်ကြစာမလိုက်နှိင်သော
အခါ ကျောင်းမပျော်တော့ ကျောင်းစာတွင် စိတ်မပါကြတော့ ကျောင်းလစ်တက်လာကြသည်။

တစ်နေ့ ကလေးနှစ်ဦး၏မိခင် မမြက ကလေးနှစ်ဦးက်ု ရိုက်နက်ဆုံးမ
သံကြား၍ သူက ဝင်ရောက်တားမြစ်မိ၏။ ထိုအခါမှ မမြက ငိုကြီးချက်မ
အကြောင်းဆုံပြောပြတော့၏။ ကလေးနှစ်ဦးက တစ်ဦးက ငါးတန်း
တစ်ဦးက သုံးတန်း ကျောင်းမတက်၍ ကျောင်းမှ တိုင်စာရောက်လာမှ
ဝမ်းရေးအတွက် ဈေးဗန်းခေါင်းပေါ်ရွက်ကာ အရပ်တကာလှည့် ဈေးရောင်းရရှာသော မိခင်က သိရလေသည်။ ကလေးငယ်နှစ်ဦးစလုံးရဲ့
ပါးစပ်က တူညီစွာ '' ကျောင်းမနေချင်တော့ဘူးအမေ '' ဟုပြောလေ
တော့ မမြ ခမျာရင်ကျိုးရလေပြီပေါ့ ။

မျက်ရည် အတ္ထုပတ္တိWhere stories live. Discover now