Episode = 3
''သြော်……ခဏ''
သူ့အပေါ်ထပ်ဂျာကင်အား အလျင်အမြန်ချွတ်လိုက်လေသည်။ ပြီးတော့
ခိုင်မြဲဆိုတဲ့ ကောင်လေးအနား လျှောက်သွားပြီး ……'' ရော့ ဒီဂျာကင်လေး ထပ်ဝတ်သွားလိုက် ကောင်လေး မင်းအတွက် အချမ်းဒဏ် နည်းနည်း ပေါ့သွားမှာပါ…'''
အိုဗျာ……ရပါတယ်ဗျာ ''
အစောက ဆိုင်ကယ်ကြည့်ပေးနေစဉ် ပြည့်စုံက သူ့အပေါ်ထပ်ဂျာကင်
်အား ရွှေစင်အား ဝတ်ထားစေခဲ့သည်။ ထို့ကြောင့် ရွှေစင်က အခုထိ
ပြည့်စုံရဲ့ဂျာကင်အား လွှမ်းခြုံထားဆဲ ပင် သမီးရည်းစားတွေကို နော့်'' ဝတ်သွားပါ ပြီးတော့ ပြည့်စုံနဲ့ ပြန်ထည့်ပေးလိုက် ပေါ့………''
''ဟုတ်သားပဲ မောင်လေးရယ် ဝတ်ခဲ့လိုက်ပါ ဆိုင်ကယ်စီးရင် ''
လေတိုးဦး မှာ ''ရွှေစင်ကပါ ဝင်ပြောတော့မှ သမင်မျက်လုံးလေးနှင့် သူ့ကို မဝံ့မရဲလေး
ကြည့်ကာ ___'' ဟုတ် ကျေးဇူးပဲ နော်ဝေညို __''
ဟု တိုးတိုးလေး ဆိုပါ၏။ထို့နောက်လက်ပိုက်လျက်တဆက်ဆက်တုန်နေ
သော ကြွက်ကလေးကို သူကပဲ ဂျာကင်အား အတက်နှိင်ဆုံး ရေစင်
အောင် ညှစ်ကာ လွှမ်းခြုံပေးလိုက်လေသည်။လျှပ်အပြတ်မှာ သူက ဖြတ်ကနဲ မော့အကြည့် အကြည့်တို့ တဒင်္ဂထိတွေ့ဆုံစည်းလို့ သွားကြသည်။ ရင်ထဲနွေးရှလို့ သွားတာမှ
ရင်ထဲချမ်းနေသည်ပင် မေ့ချင်သယောင် မင်း သိတ်စွဲဆောင်လွန်းတယ်
ကြွက်စုတ်လေးရယ်……
မိုးရေထဲ၌ တစ်ဦးတည်းကျန်ခဲ့သောသူ့အား ပြည့်စုံ ဆိုင်ကယ်နောက်က
ကြွက်စုတ်လေးက တစ်ချက်မျှ လှည့်ပြန်ကြည့်သည်။ယဲ့ယဲ့လေးပြန်ပြုံးပြတော့ ကြွက်စုတ်လေးက ချက်ချင်း အကြည့်လွှဲသွား
လေတော့သည်။ ဆိုင်ကယ်မီးနီလေးက ဝေးလို့သွားလေပြီ မိုးမှောင်ထဲ
မှာ သူတစ်ယောက်တည်း။အကြင်နာ အကြည့်လေးတွေအကြောင်းတွေးမိတော့ ရင်သည်။ နွေကနဲပါ_______
***************************
အခန်း ( ၂ )
နိုးနိုးခြင်း ပထမဦးစွာ ညက အကျီ င်္ချွတ်ကလေးနှင့် သေချာကိုချိတ်ထား
သော ဂျာကင်လေးကိုကြည့်ကာ ပြုံးမိသည်။ ဂျာကင်လေးရေ မင်းကို
တော့ ငါ ဘယ်တော့မှ ဝတ်ဖြစ်မှာမဟုတ်တောပါ့ဘူးကွာ။

YOU ARE READING
မျက်ရည် အတ္ထုပတ္တိ
Fiksi Penggemarကောင်းကင် ပြာကြီးထဲတွင် ငှက်တစ်အုပ် လွတ်လပ်စွာပျံသန်းလို့သွားတာကို မျက်စိတစ်ဆုံးငေးကြည့်နေမိသည်။ အခုနေ သူသာ ငှက်ကလေး တစ်ကောင်ဖြစ်လျှင် ကိုကို့ဆီကို ပျံသန်းသွားချင်လိုက်တာ။ မျှော်လင့်ချက်တွေ တလူလူနဲ့ ရှင်သန်နေထိုင်ရတဲ့ဘဝကြီးဟာ သိပ်နေလို့ထိုင်လို့ ကေ...