ကျွန်​​တော်​နဲ့သူ

90 7 0
                                    

လူတိုင်းမှာ အချစ်​ရှိကြတယ်​ လူတိုင်းကအချစ်​ကို ပုံစံမျိုးစုံနဲ့ဖွဲ့ဆိုကြတယ်
ကျွန်​​တော်​အတွက်​​က​တော့
အချစ်​ကို ကိုယ်​ချစ်​တဲ့သူ​ပျော်​ဖို့
အ​ရေးကြီးတယ်​ဆိုတဲ့ ခံယူချက်​နဲ့
ဖွဲ့စည်းထားတဲ့အချစ်​တစ်​ခုပါ
::::::::::::::::::::::::::::::::::::::::::::::

အချိန်​​တွေဘယ်​​လောက်​ကြာသွားပြီး
ကိုယ့်​ကိုယ်​ကို ဘာ​တွေလုပ်​မိမှန်းလည်း
ကျွန်​​တော်​မသိဘူး နာကျင်​​လို့အသက်​ရှူဖို့အင်​အား​တောင်​မရှိ​တော့ဘူး
တစ်​ကယ်​​တော့သူ မမှားပါဘူး
ကျွန်​​တော်​ကသာလိုအပ်​ချက်​ရှိ​နေလို့​ပါ
ဟုတ်​တယ်​ ကျွန်​​တော်​ကသာသူကို​သေချာဂရုစိုက်​ရင်​ ပြီး​တော့ ကျွန်​​တော်​သာ
တစ်​ကယ့်​........တစ်​ကယ့်​..အား!ရူး​တော့မယ်​ကွာ
နံရံကို​ လက်​သီးနဲ့ထိုးလိုက်​​တော့
လက်​ကနာကျင်​​သော်​လည်း ကျွန်​​တော်​ရင်​မှာ
အခုဖြစ်​​ပေါ်​နေတဲ့ နာကျင်​မှု​လောက်​မရှိပါ၊
ကျွန်​​တော်​ပါးပြင်​မှာလည်း မျက်​ရည်​​တွေကဘယ်​နှစ်​ကြိမ်​​မြောက်​ ပြည့်​နှက်​သွားမှန်း ကျွန်​​တော်​မသိဘူး ငိုရလွန်းလို့လည်း ​မောလှပြီ အမှန်​​တော့ကျွန်​​တော်​ဟာ အဲ​ကောင်​​လောက်​မသာခဲ့ရင်​​တောင်​ အဲ​ကောင်​ထက်​သာတဲ့ အချစ်​​တွေနဲ့ကျွန်​​တော်​သူ့ကိုတန်​ဖိုးထားမြတ်​နိုးတာကို
သူမသိတာလား၊မသိချင်​​ယောင်​​ဆောင်​တာလား အကြိမ်​ကြိမ်​ပြန်​ပြီး စဉ်းစားမိ​သော်​လည်း အသုံးမကျတဲ့ ဦး​နှောက်​က ဘာမှထွက်​မလာခဲ့အပြင်​ ရင်​ဘတ်​ထဲက
နှလုံးသားကလည်း ပိုပြီးနာကျင်​​လေရဲ့.....

ဒီ​နေ့ဟာသူနဲ့ကျွန်​​တော်​အကြီးအကျယ်​ရန်​ဖြစ်​ပြီး လမ်းခွဲပြီးတဲ့ ၂ရက်​​မြောက်​တဲ့​နေ့ ရင်​ဘတ်​ထဲမှာ​တော့ သူဟာ​နေရာအပြည့်​ယူထားဆဲ သူ့အသံ၊သူနဲ့ကုန်​ဆုံးခဲ့တဲ့​နေ့ရက်​​တေ၊ွ သူနဲ့ပတ်​သက်​တဲ့အမှတ်​တရ​တွေဟာ
မြူမှုန်​​လေးလိုမ​ပျောက်​ကွယ်​သွား မွန်းကြပ်​​လွန်းလို့လူလည်းစိတ်​က​ယောင်​​ခြောက်​ခြားဖြစ်​​နေမိတယ်​ စိတ်​ဖိစီးမှု​တွေကလည်း
တစ်​စစထပ်​ပိုပြီး ကြီးမားလာခဲ့တယ်​ ဘာလို့
အရူးတစ်​​ယောက်​လိုခံစား​နေရတာလည်း
တော်​ပါ​တော့ ဒီနာကျင်​မှု​​တွေကြောင့်
လူလည်း ​သေဆုံး​တော့မယ့်​လူတစ်​​ယောက်​နဲ့
မခြားနားတဲ့ကျွန်​​တော်​ စိတ်​ပျက်​စွာ မှန်​​ပေါ်​မှာ
ပေါ်​နေတဲ့ ကျွန်​​တော်​ပုံရိပ်​ကထင်​ရှားစွာ
စားမဝင်​အိပ်​မ​ပျော်​ဖြစ်​​နေသည်​က သူနဲ့လမ်းမခွဲခင်​ထဲက ခုဆို တစ်​ပတ်​​ကျော်​​လောက်​ရှိ​နေပြီ နဂိုထဲကပိန်​​တဲ့ကျွန်​​တော်​ကအခု​တော့
မျက်​ကွင်းကညို​နေပြီး ပိုပိန်​သွား​လေရဲ့
လူရုပ်​ကလည်း နာမကျန်းဖြစ်​​နေတဲ့ပုံ​ပေါက်​​နေသည်​ သက်​ပြင်းတစ်​ချက်​သာချမိပြီး
သူငယ်​ချင်း​တွေချိန်းထားတဲ့​နေရာကိုသွားဖို့
ပြင်​ဆင်​ရှိတာပြင်​ဆင်​ပြီး အိမ်​က​နေစိတ်​မပါတစ်​ပါနဲ့ ထွက်​လာခဲ့သည်

ကျွန်​​တော်​နဲ့သူTempat cerita menjadi hidup. Temukan sekarang