A Story

1.4K 110 3
                                    

သူ့ကိုစတွေ့တုန်းက လေပြေအေးလေးနှင့်အတူရှိနေခဲ့သည်…
သေသေချာချာပုံသွင်းထားခြင်းမရှိတဲ့ သူဆံပင် စလေးတွေက လွင့်နေခဲ့တယ် ။
နေရောင်ခပ်အေးအေးထဲ သူသွားဖြူဖြူလေး တွေပေါ်အောင် ရယ်မောနေတဲ့သူ့ပုံစံကြောင့် သူနှုတ်ခမ်းလေးတွေကို သေချာလိုက်ငေးမော
ကြည့်နေခဲ့မိသည် ။
ရယ်မောနေချိန်မှေးနေသောမျက်လုံးနှစ်ဖက်က နောက်တော့ ကျွန်တော့်ရဲ့စိတ်ကို သိမ်းပိုက်ခဲ့ သော မျက်ဝန်းများအရှင်သခင်ဖြစ်လာခဲ့တယ်
မျက်နှာကို လေလေးလာရောက်ကျီစယ်နေ တာနဲ့အတူ မျက်စိရှေ့မြင်ကွင်းက အလှအပဆုံး ဖြစ်နေခဲ့တယ်…

သူက လေပြေလေးထက် ပိုပြီးလှပတယ်…။

ခန်းမထဲ အတန်းပေါင်းစုံကသူများစုပေါင်းမိချိန် အချင်းချင်းနှုတ်ဆက်သံများနှင့် ဆူညံ့နေခဲ့သည်။
ယနေ့လာရောက်ဟောပြောမဲ့ စင်္ကာပူနိုင်ငံမှ လုပ်ငန်းတာဝန်ခံတဦးမှ ဆိုင်ရာမေဂျာအသီးသီးနဲ့ပက်သက်တဲ့ လုပ်ငန်း ဝင်အခွင့်အလမ်း အတွက်စိတ်ပါဝင်စားသူတွေ ကတော့ ဆိုင်ရာအကြောင်းအရာကိုလည်း ကောင်း ၊ roll callအကြောင်းပြချက်ဖြင့် မလာမနေရလာနေရသောကျောင်းသားအများစု များကတော့ ဂိမ်းအသစ်အကြောင်းနှင့် ကောင်မလေးတွေအကြောင်းတွေကိုလည်း ကောင်း စုရုံးမိစဉ်ခန ဟောပြောပွဲမစခင် ပြောဆိုနေကြသည်မှာ ဆူညံလျက်ရှိနေချိန်မှာ
ခုံအတန်းအစွန်ဆုံးမှာထိုင်နေတဲ့ ကျွန်တော့်အတွက် ခင်သောသူငယ်ချင်းများက လာရောက်နှုတ်ဆက်ကြသောလဲ သူများတွေ လိုထွေထွေထူးထူးအကြောင်းအရာတခုကို
ဆွေးနွေးတိုင်ပင်ကာ စကားတော့များမနေခဲ့ ခြင်းအတွက်…သူကိုကြည့်ပြီး
ပထမဦးဆုံး အသံတိတ်စကားတွေအများကြီး ပြောနေမိတယ်
ရင်ထဲက ရင်ခုန်သံညိတ်ညိတ်လေးက ဆူညံနေ ခဲ့တယ်

စင်ပေါ်ကလူကြီးဟောပြောနေစဉ်တလျှောက် လုံး လက်ထဲဖုန်းကိုပဲခေါင်းငုံ့ကလိနေတဲ့ သူကို အမြဲတန်းချောင်းကြည့်နေခဲ့တယ် ။
စိတ်ထဲလှုပ်ရှားမှုတွေကအတိုင်းအဆမဲ့နေခြင်း နှင့်အတူ ကြည်နူးရိပ်တွေနဲ့ သူကိုကြည့်ပြီး ပြုံး
နေမိတယ် ။

ခန်းမထဲကနေ စုစုရုံးရုံးလူတွေပြုံထွက်လာတဲ့ အချိန် သူအနားရောက်အောင်အမြန်ပြေးကပ် မိတယ် ။
တကယ် မထင်မှတ်ထားတဲ့ဖြစ်ရပ်နဲ့ ကျွန်တော့်
ဘဝအတွက် အမြဲမှတ်မိနေမည့်အမှတ်တရအခု
က သူ့ရင်ခွင်နွေးနွေးလေးထဲမှာဖြစ်ခဲ့တယ် ။

A storyWhere stories live. Discover now