အပူလောင်ထားသော လက်ကလေးအပေါ် ပက်တီးဖြူဖွေးဖွေးက နေရာယူလျက်…
အိုးထဲကနေ ဖယ်ရှားပေးကာ သူ့လက်ကို ကိုင်ဆွဲထားစဉ် ဆွဲရုန်းသဖြင့် အပေါ်ယံအရေ ပြားများ ဆွဲခွာမိသလိုဖြစ်သွား၍ သွေးများမြင်မ ကောင်းအောင် ဒဏ်ရာကထပ်ကြီးသွားခဲ့သည်။
ဗြောင်းဆန်ခက်နေသောအခြေအနေနဲ့ အတင်းချုပ်ထားသည့်ကြားမှ အားတကုန်ရုန်း နေသော သူသည်
အိုးကိုတိုက်မိ၍ မိမိလက်ပေါ် ရေပူ အနည်းငယ် ဖိတ်စင်သွားတာ မြင်မှသူစိုးရိမ်တကြီး ရပ်တန့်သွားခဲ့သည် ။ထပ်မလုပ်ဖို့ပြောကာ ယုံကြည်ရင်း
ကျွန်တော်မရင်းနှီးသော ဒီကျေးရွာလေးထဲ ဆေးခန်းကိုလဲ အပူတကင်းအပြေးအလွှား ရှာခဲ့ရသည် ။အသိစိတ်မရှိတဲ့လူတယောက်လို ငြိမ်သက်နေ သော အချစ်ကို မြင်ရသည်မှာ သူ့စိတ်ထဲခံစား နေရတာကို ကိုယ့်ကိုတိုင်ခံစားနေရသလိုပဲ…။
အချစ်ရယ်…ကိုယ်လဲစိတ်မကောင်းပါဘူး ။
ဆန်ပြုတ်ပန်းကန်လေးကိုယူကာ အခန်းထဲဝင် လာလိုက်တော့ အစောကသိပ်ခဲ့သလို အိပ်နေ တာမဟုတ်တော့ဘဲ ငုပ်တုပ်ထထိုင်နေသည် ။
ကုတင်မဟုတ်ဘဲ အိမ်ကြမ်းပြင်ပေါ်၌သာ ဂွမ်း စောင်အိပ်ရာလေးပေါ်ရှိသူ့ဆီ ထိုင်လျက်ကပ် သွားမိသည် ။
'' အချစ် ''
အသက်မရှိသလိုမျက်ဝန်းများက ရင်ထဲသက် မှတ်ထားသောသူ၏နာမ်စားလေးကို ခေါ်ကြူး လိုက်ပြီးနောက် လှုပ်ရှားလာကာ သူ့ပါးနှစ်ဖက်ပေါ်မှာမျက်ရည်စီး ကြောင်းလေးတွေ ပိုမိုထင်းလာခဲ့သည် ။
ပါးပြင်နုနုပေါ်က ထိုမျက်ရည်တွေကို ဖယ်ရှား ပေးတော့ ညို့မှိုင်းနေသော ဒီမျက်ဝန်းများက ကျွန်တော့်ကို လှည့်ကြည့်လာသည် ။
ကြေကွဲစို့နစ်နေသည့် အချစ်မျက်ဝန်းများကိုစုံ ဖို့ရာ မျက်ရည်မဝဲဖို့ တင်းခံထားမိသည် ။
'' Tae…တောင်းပန်ပါတယ် ''
သည်းထန်စွာကျလာသော မျက်ရည်များနဲ့သူ့ကို ရင်ခွင်ထဲဆွဲသွင်းထားမိသည် ။
အခုချိန် သူ့ရဲ့ဝမ်းနည်းမှုတွေက ရင်ထဲကို ပိုပြီးနာကျင်စေသည် ။