A Story

809 101 14
                                    

လက်ကိုင်ဘုလေးလှည့်ဖွင့်လိုက်တော့ ပွင့်သွားတဲ့တံခါးနောက်ကအခန်းလေးကနဂို အတိုင်း တိတ်ဆိတ်ငြိမ်သက်နေသည် ။ ဒါပေမဲ့ဒီနေ့တော့ အရင်ကထက် ထိုတိတ်ဆိတ် နေခြင်းက ပိုပြီးအကျည်းတန်နေသလို…
အရင်ကဆိုဘာမှမဟုတ်ရင်တောင် သေချာနားဆိုက်ထောင်ကြည့်လျှင် အသက်ရှူ သံတိုးတိုးလေးကို ကြားနေရသေးသည်လေ…။
အခုတော့…လေသံတိုးတိုးလေးတောင် မရှိတော့…။သူမ မရှိတော့ပြီ ။
မှန်ပြတင်းပေါက်တွေဆီလျှောက်သွားလိုက်ရင်း
အောက်ကခြံထဲလှန်းကြည့်ရင်လဲ နေခြည်ဖြာ ဖြာအောက်မှာ ကုလားထိုင်ပေါ်မှီထိုင်နေတဲ့ အပြုံးနတ်သမီးလေးကိုလဲမတွေ့ရတော့ ။
တခါတခါ မြတ်ခင်းတွေပေါ်ခြေဗလာနဲ့နင်းကာ ဖဲဂါဝန်တွေကိုဖြန့်ပြီး ကခုန်နေတက်တဲ့ သူမ…
ပက်လက်ခုံပေါ်လှဲအိပ်ပြီး နေလောင်ခံတက်တဲ့ နေကာမျက်မှန်လေးနဲ့ သူမတယောက်…ကို
နောက်ထပ် နောက်ထပ်…မြင်တွေ့ရဖို့ မဖြစ်နိုင်တော့ဘူး… ။

ပိုးသားလိုနူးညံ့လှတဲ့ အိပ်ရာပြင်ကို လက်ဖဝါးတွေနဲ့ ပွတ်သပ်ကြည့်နေမိ သည် ။
ဒီနေရာပဲ သူမကြာရှည်စွာလဲလှောင်းနေခဲ့ရတာ… ကျွန်တော့်ကို တမ်းတစွာလွမ်းမောနေရင်း
နောက်ဆုံး သူမရဲ့နောက်ဆုံးအချိန်ကို အမှီရောက်အောက်မလာနိုင်ခဲ့တဲ့ ကျွန်တော့်ကို တမ်းတကာ ကျွန်တော်ကိုယ်တိုင်မကြားလိုက်ရတဲ့နှုတ်ဆက်
စကားကို တိုးညှင်းစွာပြုရင်း သူမအငွေ့အသက်လေးချုပ်ငြိမ်းသွားသည့်နေရာလေး ။
အိပ်ရာပေါ် လှဲအိပ်ကြည့်လိုက်တော့ နွေးထွေး နေသလိုခံစားနေရသေးသည် ။

'' လွမ်းတယ် မာမီရယ် …''

မာမီဆုံးပြီးကတည်းက ဒီအခန်းကို ဒယ်ဒီလဲ မသုံးတော့ အခန်းသစ်မှာပဲနေတော့သည်။
မာမီ့ကိုတအားချစ်တဲ့ ဒယ်ဒီ…မာမီအလိုဆန္ဒ ဘာမဆိုဖြည့်ဆည်းပေးတဲ ဒယ်ဒီ…။
ဒယ်ဒီလဲ အလုပ်တွေဖိလုပ်ရင်း သူ့စိတ်ကိုသူ ဖြေသိမ့်နေရှာသည် ။
ဒါပေမဲ့ ဒယ်ဒီကမနှစ်ကထက်စာရင် ပိန်ကျသွား သည် ။

'' သြော်… ဦးငယ်! ''

တစ်စုံတရာ အသံပြုမှုကြောင့် မာမီ့အိပ်ရာပေါ် လှဲအိပ်နေရာမှထထိုင်လိုက်သည် ။ ချက်ချင်းဆို သလို ထိုတစုံတယောက်သည်လဲ အခန်းထဲသို့ ကော့တော့ကော့တော့နဲ့မပြေးယုံတမင်အမြန် လျှောက်ဝင်လာသည် ။

A storyWhere stories live. Discover now