Sequel : 11

5.4K 705 133
                                    

"Wu Yifan....ကျွန်တော့်ကို လာကယ်ပါဦး!!!😭"

"Chanyeol? ဘာဖြစ်နေတာလဲ??"

ကျွန်တော် Company မှာ အစည်းအဝေးလုပ်နေတုန်း ဖုန်းဝင်လာတာကြောင့် ကိုင်လိုက်တော့ တဖက်က ငိုသံပါကြီးနဲ့ပြောနေတဲ့Chanyeolရဲ့အသံကို အထိတ်တလန့်ကြားလိုက်ရတယ်။
ဒီကောင်လေး ဘာဖြစ်ပြန်တာလဲ?
ကျွန်တော်မေးတာကို ပြန်မဖြေပဲ ရှိုက်ရှိုက်ပြီးငိုနေတာကြောင့် ဒီဘက်ကလူက ဘယ်ပြေးပြီး ဘယ်လုပ်ပေးရမှန်းမသိ။

"Chanyeol အခု ဘယ်မှာလဲ?"

" ရဲစခန်းမှာ 😭 "

"ဘာ!!!"

"ကျွန်တော့်ကို မြန်မြန်လာကယ်!!! 😭"

ရဲစခန်း??? ဒီကောင်လေးက ဘာများလုပ်လို့ ရဲစခန်းရောက်နေရတာလဲ?..မဆိုသလောက်လေး ဆိုးပေမယ့် သူ့ဟာသူစိတ်ကြီးဝင်နေရရင် ကျေနပ်ပျော်ရွှင်နေတဲ့ ချစ်စရာကလေးလိမ္မာလေးပါ...။

ဘယ်သူတွေက ငါ့ကလေးကို အနိုင်ကျင့်လို့ ဒီလောက်လိမ္မာတဲ့ကလေးက ရဲစခန်းရောက်နေရတာလဲ!!
တွေ့မယ်!!

"သူဌေး....အစည်းအဝေး...."

"ဖျက်လိုက်ပြီ!! "

Chanyeolကို စိုးရိမ်တဲ့စိတ်နဲ့ ပူထူနေတာမို့ အစည်းအဝေးအကြောင်း လာသတိပေးတဲ့အတွင်းရေးမှူးမကိုလည်း အော်ငေါက်လွှတ်ပြီး ရဲစခန်းဆီကို မြန်မြန်မောင်းထွက်လာရတော့တာပဲ။

*******************

"ဟိုကောင်လေး...ရောက်ကတည်းက အော်ငိုနေတာ ..မင်းဘေးက မိန်းကလေးတွေလဲ အားနာဦး"

ကျွန်တော့်ဘာသာ ငိုနေတာကို စခန်းမှူးဦးလေးကြီးက လာအော်တာမို့ ကျွန်တော့်မှာ ပါးစပ်လေးပိတ်ပြီး တိတ်တိတ်လေးငိုနေရတယ် 😢
ဘာမှန်းမသိဘူး...ကိုယ့်အသံနဲ့ကိုယ် အော်ငိုတာကို 😢

"ယောကျာ်းကြီးဖြစ်ပြီး ....ငို...နောက်တခါဒီထပ်ပိုဆိုးမယ်"

ကျွန်တော့်ဘေးမှာထိုင်နေသော ခပ်၀၀ ခပ်ထွားထွား မိန်းမကြီး ၂ယောက်က လူမိုက်ပုံစံဖြင့် ကျွန်တော့်ကို ကြိမ်းဝါးနေကြသည် 😢
အခု ကျွန်တော် ရဲစခန်းရောက်နေတာ အဲ့မိန်းမကြီး၂ယောက်ကြောင့်!! 😢

သတိ ✖ Singleများ မဖတ်ရ✖ (Completed✔ )حيث تعيش القصص. اكتشف الآن