ခြောက်ကပ်အက်ကွဲနေသော နှုတ်ခမ်းကို ရေငတ်ပြေလိုပြေငြား လျှာဖြင့်ပွတ်သပ်ရင်း အပြောကျယ်သော ပင်လယ်ပြင်ကြီးကို သူစိတ်ပျက်စွာ ငေးမျှော်ကြည့်လိုက်သည်....
လေယာဉ်ပျက်ကျပြီး ဒီကျ့န်းမှာ သောင်တင်နေတာ ဒီနေ့နဲ့ဆို တစ်ပတ်ရှိလေပြီ.....
ပင်လယ်တဖက်ကမ်းက နေမင်းကြီး ဝင်လိုက်ထွက်လိုက်ဖြစ်နေသည်ကို သူ ငုတ်တုတ်ထိုင်၍ ကြည့်နေရသည်မှာလည်း ၁၄ ကြိမ်ရှိပြီ.......သူကိုယ်တိုင်မောင်းလာသော လေယာဉ်သည် ပိစိဖိတ်သမုဒ္ဒရာကိုဖြတ်၍ လာစဉ် စက်ပိုင်းဆိုင်ရာချို့ယွင်းမှု ဖြစ်ပေါ်ပြီး ဤလူသူမရောက်သော ကျ့န်းပေါ်ထိုးစိုက်၍ ကျလာခဲ့သည်........
ကံကောင်းသည်ပြောရမလား ကံဆိုးသည်မှာပြောရမလားမသိသော အခြေအနေမျိုးဖြင့် သူ့မှာ အသက်မသေသော်လည်း ပြန်လမ်းမရှိ..... တစ်စုံတစ်ယောက် လာခေါ်မည့်အချိန် (လာခေါ်ပါ့မလားဆိုသည်ကိုပင် မသိသောအခြေအနေမျိုးဖြင့်) ကိုပင် မျှော်လင့်ချက်မဲ့စွာ စောင့်မျှော်ခဲ့နေရသည်ပင်......"တောက်!!! အရေးထဲ ငါးတွေကလဲ အမိမခံကြဘူး"
ပင်လယ်စပ်ဆင်း၍ လေယာဉ်အပျက်မှ ထွက်လာသော သံချွန်တစ်ချောင်းကိုကိုင်ကာ ငါးတစ်ကောင်တစ်လေများ မိမလား ဟူသည့်မျှော်လင့်ချက်ဖြင့် ရေထဲသို့ ဟိုထိုးသည်ထိုး လျှောက်ထိုးကြည့်သည်.....
သို့ရာတွင် တစ်သက်လုံး လေယာဉ်မောင်းလာသည့် လက်က ငါးဖမ်းတာတော့ မကျွမ်းကျင်......ထိုးနေတာ နစ်နာရီကျော်ခန့်ရှိပြီ.....
သူ့ဗိုက်လည်း ဆာလှပြီ.........
ငါးနဲ့တူတာဆိုလို့ ငါးအမြီးတောင်မမြင်....."ဟဲ့ သောက်ပလုတ်တုတ်!!! ဒါကဘာကြီးတုန်း"
ရေစီးနှင့်မျောပါလာသော မာကျောကျော အေးစက်စက် အရာဝတ္တုတစ်ခုက သူ့ခြေသလုံးကို လာတိုက်သဖြင့် သူလန့်သွားသည်.....
လက်တစ်ဝါးသာသာ အရွယ်ရှိ ပိုက်ပူပူ နှုတ်သီးကောက်ကောက်နှင့် ထိပ်မှာအဖုံးခပ်သေးသေးပါသော
ရေခရားလိုလို ဘာလိုလို အရာတစ်ခုသည် ရေစီးနှင့် ပေါလောမျောပါနေသည်ကို တွေ့လိုက်ရသည်......သူစူးစမ်းပြီး သံချောင်းနှင့်လှမ်းထိုးကြည့်တော့ ထိုအရာက သံချောင်းထိပ်၌ ချိတ်၍ပါလာလေသည်
YOU ARE READING
တောင်းတဲ့ဆုနဲ့ ပြည့်ပါစေ
Fanfictionတစ်ခါတစ်လေ မှာ သင်မမြင်ရတဲ့အရာတွေက ပိုပြီး အံ့ဩဖို့ကောင်းတတ်ပါတယ် :)