မာဝမ် ရုတ်တရက် သူ့ခန္ဓာကိုယ်က လေထဲသို့မြောက်ကနဲ ဖြစ်သွားသလို ခံစားလိုက်ရသဖြင့် မျက်စိစုံမှိတ်ထားလိုက်မိသည်.....
တော်တော်ကြာတော့မှ သူမရဲတရဲဖြင့် ဖွင့်ကြည့်လိုက်မိသည်
ဘေးနားမှာ ကျူနီကလည်း ငုတ်တုတ်လေးထိုင်လို့.......
"ဟေ့ ကျူနီ ငါတို့ဘယ်ရောက်လာတာတုန်း"
ကျူနီက ကျီးကြည့်ကြောင်ကြည့်ဖြင့်ဖြေသည်
"ဒါက ပါရှားပြည်လေ.....ခင်ဗျား ဒစ်စနေကာတွန်း မကြည့်ဘူးလား.... အာလာဒင်မင်းသား နေတဲ့နေရာ"
"အော်..... "
ဟုတ်မဟုတ်တော့ သူလည်းမသိ
ကျူနီကတော့ ခပ်တည်တည်ပင်....
သူလည်း ဘုမသိဘမသိဖြင့် ငြိမ်နေလိုက်သည်....နေပါအုံး အာလာဒင်က ပါရှားလား အာရပ်လား?
ကမ္ဘာမြေပုံကို အရေကြိုသောက်ထားသော ပိုင်းလော့တစ်ဦး၏ ဗီဇဖြင့် မနေနိုင်မထိုင်နိုင် အတွေးက ခေါင်မိသွားသည်
ဟုတ်ပ......ကျူနီကိုပြောတုန်းက ဘယ်ကိုပို့ပေးလို့ သူတိတိကျကျ မပြောခဲ့မိပဲ!!!
"နေပါဦး.....အရင်တုန်းက ဒီနေရာဟာ ပါရှားပြည်ဆိုရင်...... အခုက...."
ကမ္ဘာ့မြေပုံပေါ် အသားကျစွာ ပြေးလွှားနေသော သူ့စိတ်က ဗြုန်းဆိုတစ်စုံတစ်ခုကို သတိရသွားသည်
"ကျူနီ!!! ဒါ ပါရှားပြည်မဟုတ်တော့ဘူး ဒါ.....ဒါက....."
ထိုစဉ် သူတို့နှစ်ယောက်နှင့်မလှမ်းမကမ်းတွင် ခေါင်းမြီးခြုံထားသော အဖွားအိုတစ်ဦး အဝတ်လျှော်နေသည်...... သူမနှင့်မလှမ်းမကမ်းမှာကား ရေဘုံဘိုင်တစ်ခုတွင် ရေချိုးနေကြသော ပိန်ညောင်ညောင် ကလေးသုံးလေးယောက်.....
အဖွားအိုမျက်နှာမှာ ငြိုးနွမ်း၍နေသည်......
"ဒီမှာလူတိုင်း နှုတ်ခမ်းမွှေးထားရတာလား မသိဘူးနော်"
ကျူနီက သူ့နားက ဖြတ်သွားသော နှုတ်ခမ်းမွှေးထူထူနဲ့ ယောကျာ်းကြီးကို တအံ့တဩ ငေးကြည့်ရင်းပြောသည်.....
တစ်စုံတစ်ရာသည် မှားယွင်းနေပြီဖြစ်ကြောင်း သတိရလိုက်သည့် အချိန် မာဝမ် ရင်ဘတ်တစ်ခုလုံး ဆတ်ခနဲ ခါသွားလေသည်......
YOU ARE READING
တောင်းတဲ့ဆုနဲ့ ပြည့်ပါစေ
Fanfictionတစ်ခါတစ်လေ မှာ သင်မမြင်ရတဲ့အရာတွေက ပိုပြီး အံ့ဩဖို့ကောင်းတတ်ပါတယ် :)