Park Chanyeol 's POV....
***************************
Love is a kind of mystery 💗
***************************"Chanyeol! ဒီနေ့ငြိမ်လှချည်လား? "
ကျွန်တော့်နာမည်ကိုပြောသံ ကြားနေရပေမဲ့
ကိုက်ခဲနေသော ခေါင်းအစုံနဲ့
နာကျင်သောမျက်လုံးများကြောင့်
ထလည်းမဖြေချင်သလို ဘယ်အရာကိုမှလည်း
အဖတ်မလုပ်ချင်ပါ"မသိဘူး ရောက်ကတည်းက အဲ့လိုအိပ်နေတာပဲ ''
"Chanyeol......Chanyeol.....ထစမ်း.....
မနက်ကတည်းက ဘာဖြစ်လာတာလဲ ပြောစမ်း!''Sehun၏အတင်းလှုပ်နှိုးမှုနဲ့အတူ
ခေါင်းထောင်လိုက်ရသည်
နှိုးတယ်ဆိုရအောင်လည်း
ကျွန်တော်ကအိပ်ပျော်နေတာမှမဟုတ်တာ"ဘာလဲ? အိပ်ရေးမဝလာဘူးလား?''
Kaiရဲ့အမေးကို ကျွန်တော်ခေါင်းခါပြလိုက်ကာ
"မဟုတ်ပါဘူးကွာ.....ငါပင်ပန်းနေလို့.......''
"ပင်ပန်းတယ်? ဘာလဲ seriesတွေကြည့်ပြီး
မိုးလင်းသွားတာလား ဒါမှမဟုတ်
gameကိုတစ်ညလုံးထိုင်ဆော့နေလို့လား
မင်းတစ်ညလုံးစာလုပ်နေတာပါလို့တော့
မပြောနဲ့နော် မင်းရုပ်ကစာလုပ်မဲ့အခွက်မဟုတ်ဘူး ''ဟုတ်ပါတယ် ကျွန်တော်စာမလုပ်ဖြစ်ပါ....
"ငါ...... တညလုံး active now ဖြစ်နေတဲ့
Wu yifan accကို ထိုင်ကြည့်နေလို့ ''"သွားသေလိုက်ပါလားကွာ!''
"သောက်ရူးပဲ ''
အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်၏
ချီးမွမ်းထောပနာသံများကို ကြားပြီးသကာလ
ပြန်မှောက်အိပ်လိုက်သည်ညက မီးလေးစိမ်းနေသည့်
သူ့ accလေးက တစ်မျိုးရင်ခုန်စေသည်
သူလိုင်းပေါ်ကမဆင်းမချင်း အဲ့မီးစိမ်းလေးကို
ထိုင်ကြည့်နေခဲ့တာ မနက်၎နာရီမှ
မီးစိမ်းလေးပျောက်သွားသောကြောင့်
ကျွန်တော်လည်း အဲ့အချိန်မှ data off ပြီး
အိပ်ရသည်
ကျွန်တော်အရမ်းWu yifanအပေါ်
အစွဲကြီးလွန်းတယ်လို့ ခံစားနေရတယ်မလား
ဒါပေမဲ့ သူတညလုံးဘယ်သူနဲ့
အချိန်ဖြုန်းနေမှန်းမသိပေမဲ့
လိုင်းပေါ်သူရှိနေတယ်ဆိုတဲ့
အသိကလေးကပဲ တစ်မျိုးစိတ်ကျေနပ်စေတယ်
YOU ARE READING
The Story Of True Love Between US
General FictionKris 💞 Yeol (mini) wish for kristinetulip00 ?