💚💚

1.6K 186 30
                                    

Wu Yifan's POV.....

******************************
Love comes through the rain 💗
******************************

^^ ကို....အိပ်တော့နော်... 4နာရီထိုးတော့မယ်

^^ အင်း.... သဲလည်း အိပ်တော့လေ

^^ goodnight 😘

^^ goodnight..

ကျွန်တော် jinheeနဲ့ chatနေတာ
တစ်ညလုံးနီးပါးပါ ပဲ
တော်တော်လည်းအိပ်ချင်နေပြီ
မနက်ကျရင်လည်း ကျောင်းတက်ရဦးမှာ
ဒါကြောင့် ကျွန်တော် အိပ်ဖို့ ပြင်လိုက်ပေမဲ့
Lineမှာ active (1) ဆိုတာလေးတွေ့တာကြောင့်
ဘယ်သူက ဒီအချိန်ထိ မီးစိမ်းနေတာလဲလို့
သိချင်သွားတယ်
ကျွန်တော့်လိုပဲ ကောင်မလေးနဲ့ chatနေသူပဲလား
ဒါ ကျွန်တော်နဲ့ မဆိုင်ပါ
ကျွန်တော်သာမန်ဆို စပ်စုတတ်သူမဟုတ်ပါ
ဒါပေမဲ့ လက်ကနှိပ်ကြည့်မိသွားပါပြီ
ပေါ်လာတဲ့နာမည်လေးက
real_pcy တဲ့ V post နဲ့ ပြုံးနေတဲ့ ကောင်လေး

အာ.......သူက ဒီအချိန်ထိ မအိပ်သေးပဲ
ဘာလုပ်နေတာလဲ ကျွန်တော့်လိုပဲ
တစ်ယောက်ယောက်နဲ့ chatနေတာလား
ဒီအချိန်အထိ? တော်တော်ဆိုးတဲ့ကလေးပဲ

ကျွန်တော် ဖုန်းကို data offကာ
အိပ်ဖို့ပြင်လိုက်တယ်
ခေါင်းထဲဝင်လာသည်က
jinheeအကြောင်း
jinheeက ကျွန်တော်တို့အထက်တန်း
နောက်ဆုံးနှစ်မှာ queenလို့
သတ်မှတ်ရလောက်အောင် ချောတဲ့သူ
သူ့ကိုလိုက်နေသူမှ မနည်းမနောပင်
ထိုထဲမှ ကျွန်တော်က
ကံကောင်းသူပဲလားတော့မသိ
jinheeမှစ၍ ကျွန်တော့်ကို
ရေလာမြောင်းပေး လာလုပ်သည်
ကျွန်တော်ကဘယ်သူ့ကိုမှစမလိုက်သလို
လာပြောတဲ့ခပ်ချောချော မိန်းကလေးများဆိုလည်း
မငြင်းဖြစ်ပါ အားနာလို့:3ကျွန်တော့်ကို
အတန်းထဲတွင်စာမလုပ်ပဲ ရန်ဖြစ်တတ်သည့်
ခပ်ဆိုးဆိုးကောင်လေးဟု သတ်မှတ်ရင်လည်း
သတ်မှတ်သူအလွန်မဟုတ်ပေ
ကျွန်တော့်ခေါင်းထဲ
မအိပ်ခင် jinheeအကြောင်းစဉ်းစားမိသည်
ဒါဖြစ်သင့်သည်
jinheeက ကျွန်တော်နဲ့ရည်းစားဖြစ်သွားတာ
၃ရက်လောက်ရှိပြီကို
ဒါပေမဲ့ real_pcyဆိုတဲ့accပိုင်ရှင်
အကြောင်း ခေါင်းထဲဝင်လာတာကတော့
ဒါမဖြစ်သင့်ပါ

အဲ့ကောင်လေးကို သတိထားမိသည်မှာ
တစ်နှစ်လောက်ရှိပြီ တစ်ယောက်ယောက်က
ကျွန်တော့်ကိုကြည့်နေသလို ခံစားရလို့
မျက်စိဝေ့ဝဲကြည့်ရင်
တစ်ခုခုနဲ့အလုပ်ရှုပ်နေပုံရသည့်
ထိုကောင်လေးကို အမြဲတွေ့ရတတ်သည်
အစကအမှတ်မထင်
နောက်တော့ တိုက်ဆိုင်တာ
တဖြည်းဖြည်း  အကြိမ်ရေစိပ်လာတော့
ကျွန်တော့်စိတ်ထဲ
ကျွန်တော့်ကိုများလိုက်ချောင်းနေတာလားလို့
သံသယဝင်လာသည်
ကျွန်တော့်ကိုဘာလို့ အဲ့ကောင်လေးက
လိုက်ချောင်းနေရတာလဲ ရန်ဖြစ်ချင်လို့လား
ဒါလည်းမဖြစ်နိုင်ပါ
သူ့ပုံကြည့်ရတာ အရာရာကြောက်တတ်တဲ့ပုံ
နေ့တိုင်းမဟုတ်ပေမဲ့
ကျွန်တော်သတိထားမိတဲ့အချိန်ဆို
ထိုကောင်လေးရှိတတ်သည်
ဒါ ကျွန်တော့်အတွက်ထူးဆန်းသလို
ပဟေဠိဆန်သည်

The Story Of True Love Between US Wo Geschichten leben. Entdecke jetzt