The Story Of True Love Between US 👬

2.2K 232 28
                                    

****************************************
Love is a kind of thing that connected
You and Me! Nothing can break again 💐
****************************************

တံခါးbellတီးနေစဉ်အတွင်း
သူတံခါးမှဖွင့်ပေးပါ့မလားလို့ စိုးရိမ်နေခဲ့တာ.

ဒါပေမဲ့ တံခါးဖွင့်ပေးပြီး
ကျွန်တော့်ကို ကြောင်တောင်လေး
ငေးနေတဲ့ သူ့ကိုမြင်တော့ စချင်လာတယ်

ကျွန်တော့်ရုပ်ကို အတတ်နိုင်ဆုံး
ဒေါသထွက်နေတဲ့ပုံလုပ်လိုက်တယ်

သူကတော့ ကျွန်တော် သူ့ဆီလာလို့အံ့သြနေပုံပါ

"ဘာလုပ်တာလဲ?
ဧည့်သည်ကို အထဲမဝင်ခိုင်းဘူးလား''

''arr..aww...အင်း...ဝင်..ဝင်လေ ''

အာမေဋိတ်မျိုးစုံထွက်ပြီး
အထဲဝင်ခိုင်းနေတဲ့သူ့ပုံလေးက
တကယ်ချစ်ဖို့ကောင်းပါတယ်

ကျွန်တော်အထဲကိုခပ်တည်တည်ပဲ
ဝင်သွားလိုက်ကာ
သူ့တိုက်ခန်းကိုလှည့်ပတ်ကြည့်လိုက်တယ်

အင်း သိပ်တော့ မရှုပ်ပါဘူး

"Chanyeol! ကိုယ့်ဆီ ဘာလို့လာတာလဲ ''

''ပြောစရာရှိလို့ !''

ကျွန်တော့်အသံက
နည်းနည်းခက်ထန်သွားတယ်နဲ့တူတယ်
သူ့မျက်နှာမှိုင်းသွားတယ်

"ရန်တော့ မတွေ့ပါနဲ့ဦး အဆင်သင့်မဖြစ်သေးလို့ပါ ''

ကျွန်တော်က ရန်တွေ့ရအောင် မိန်းကလေးလားဗျာ

''ဆေးရုံမှာပြောသွားတဲ့ စကားကို
သိချင်လို့ လာမေးတာ
တကယ်ရင်ထဲကထွက်လာတဲ့စကားလား? ''

''ဘယ်စကားလဲ?''

ဝေးပြန်ပြီ

''ချစ်လို့ ဆိုတဲ့စကားလေ
တကယ် ရင်ထဲကထွက်လာတဲ့စကားလား ''

''ကိုယ်ကဟုတ်တယ်လို့ပြောရင်
မင်းကဘာပြန်ဖြေမှာလဲ ''

Wu yifanဆိုတဲ့လူက လျှော့တွက်လို့မရပါ
ကျွန်တော့်ကိုပါးနပ်စွာပြန်မေးလာသည်

"ကျွန်တော့်ဆီက ဘာအဖြေကိုလိုချင်နေတာလဲ
ကျွန်တော်က ယောက်ျားတွေကိုမှမကြိုက်တာ ''

''ဒါဆို ဘာကိုလာအတည်ပြုနေတာလဲ?
ဘာဖြစ်စေချင်တာလဲ?
အနားမှာမရှိစေချင်တာလား?
ရတယ်..... ကိုယ်ကျောင်းပြီးတာနဲ့
Canadaကို သွားဖို့ ဆုံးဖြတ်ပြီးသွားပြီ
မင်းရဲ့မြင်ကွင်းထဲမှာ ရှိမနေစေရဘူး
နောက် ၃လလောက်ပဲ သည်းခံပေးပါ....
ကိုယ်ကျေနပ်လောက်တဲ့ အဖြေမပေးနိုင်ပဲနဲ့တော့
ကိုယ့်ကို စကားနာလာမထိုးပါနဲ့
လိုက်မပို့တော့ဘူး ''

Du hast das Ende der veröffentlichten Teile erreicht.

⏰ Letzte Aktualisierung: Oct 29, 2017 ⏰

Füge diese Geschichte zu deiner Bibliothek hinzu, um über neue Kapitel informiert zu werden!

The Story Of True Love Between US Wo Geschichten leben. Entdecke jetzt