FH5

21.4K 1.8K 187
                                    

နာရီဝက်​ကြာ​နေပြီ

Oups ! Cette image n'est pas conforme à nos directives de contenu. Afin de continuer la publication, veuillez la retirer ou mettre en ligne une autre image.

နာရီဝက်​ကြာ​နေပြီ..ဧည့်​ခန်းကဆိုဖာမှာငြိမ်​သက်​စွာထိုင်​​နေရတာ...အခုထိတုတ်​တုတ်​မျှမလှူပ်​ရဲ​သေးဘူး...
လှူပ်​လို့လည်းမရဘူး​လေ ... နာရီဝက်​ကြာတဲ့အထိကို
ဖိုး​လေး Yoongi က သူ့က်ုကြည့်​လိုက်​ Jung Kookကိုကြည့်​လိုက်​...ရိုးရိုးကြည့်​တာ​တောင်​မဟုတ်​ဘူး...မျက်​​ထောင့်​နီကြီးနဲ့....

ဖိုး​လေး Hoseok ကိုအသနားခံတဲ့မျက်​လုံးနဲ့ကြည့်​လိုက်​​တော့လည်း ဖိုး​လေးလည်း မျက်​နှာမ​ကောင်းဘူး....Jung Kook
လည်းမျက်​နှာကြီးကို ​အောက်​ငုံ့လို့....ကျွန်​​တော့်​​ယောကျာ်း စိတ်​ညစ်​​နေပြီထင်​တယ်​...

Jung Kook​မေ​မေလည်း သက်​ပြင်းတစ်​ချချနဲ့..
အားလုံးရဲ့ မျက်​နှာရိပ်​မျက်​နှာကဲ ကြည့်​ပြီး​တော့
ဖိုး​လေး Yoongi ကိုကြည့်​လိုက်​မိ​တော့....
အောင်​မ​လေး!!!!!!ကျွ​န်​​တော့်​ကိုကြည့်​​​နေတာနဂါးသားဆိုပြာကျ​လောက်​တယ်​....

"Kim Taehyung !!"

"ခင်​ဗျာ.."

ဘာ​ပြော​တော့မလဲမသိဘူး..ရင်​တုန်​တာနဲ့ဘဝဆယ်​ဘဝ​လောက်​ကူးလို့ရပြီ..
ဖိုး​လေး Yoongiရဲ့ စကားသံ​ကြောင့်​အားလုံးရဲ့
အကြည့်​ကဖိုး​လေးဆီမှာ.....သူတို့လည်းရင်​တုန်​​နေကြတယ်​ ထင်​ပါရဲ့....

"မင်းအထုပ်​ပြင်​ပြီး ရွာကိုပြန်​လိုက်​ခဲ့.."

"ဟင်​..!!!"

အားလုံးရဲ့အာ​မေဋိတ်​သံက အသီးသီးထွက်​လာ​လေရဲ့....Jung Kook မျက်​နှာဆို လုံးဝမ​ကောင်း​တော့တာ...ကျွန်​​တော်​လည်းမျက်​ရည်​​တွေရစ်​ဝိုင်းလာပြီ....

"ဖိုး​လေး..သား​လေ..."

"မင်းရဲ့အ​ဖြေကိုငါမကြားချင်​ဘူး..ငါ​ပြော​နေတာလူလိုနားလည်​ရင်​ အခုချက်​ချင်းထပြီး
အထုတ်​သွားပြင်​​တော့...."

Full House(completed)Où les histoires vivent. Découvrez maintenant