ဒီနေ့မနက် အိပ်ယာနိုးလို့ အိမ်အောက်ထပ်ဆင်းဆင်းချင်း မတွေ့ချင်ဆုံးဟိုငပုတိုကောင် မျက်နှာကို ဖြီးခနဲတွေ့လိုက်ရတယ်......
ဖိုးလေး Yoongi ခြေထောက်ကိုနှိပ်ပေးပြီးမျက်နှာကိုမော့ကြည့်ကာရယ်ပြီးဘာတွေပြောနေလဲမသိ....ဟိုအဖိုးကြီးကလည်းအရသာတွေ့နေတယ်ထင်ပါ့..
မျက်နှာကို ဖြီးနေတာဘဲ...ကျွန်တော့်ကိုတွေ့တော့ ဖိုးလေး Yoongi ခြေထောက်ကိုအသာချကာ ကျွန်တော့်ဆီ လုံးတုံးလုံးတုံးနဲ့ပြေးလာတယ်....
"အကိုလေး..မနက်စာနွားနို့ chim ကြိုထားတယ်..သောက်မယ်မဟုတ်လား ဟင်.."
"မ...သောက်..ဘူး!!!!!"
တစ်လုံးချင်းဆီ အသံခပ်တင်းတင်းဖြင့် ပြောလိုက်တော့
မျက်နှာလေးကညိုးသွားတာများ....."ဟိုအကောင်..သောက်လိုက်.."
ဖိုးလေးYoongi အသံကြီးဟိန်း ခနဲ ထွက်လာတယ်..
အထွန့်တစ်ချင်ပေမဲ့ မတက်ရဲဘူးလေ..ရာသီဥတုက သိပ်ကောင်းတာမဟုတ်ဘူး.....တော်ကြာ အဲ့အဖိုးကြီးစိတ်မကြည်ဘဲ ကွာရှင်းစာချူပ်လက်မှတ်ထိုး ရွာပြန်လိုက်ခဲ့ ဆိုမှ ဟုတ်ပေ့ ဖြစ်နေဦးမယ်...ငပုတိုကောင်ကတော့ ဖိုးလေးYoongi စကားအဆုံး ကျွန်တာ့်ကိုရယ်ပြကာ မီးဖိုချောင်ထဲပြေးဝင်ပြီး ပြန်ထွက်လာတော့ ဗန်းပေါ်မှာ နွားနို့ နှစ်ခွက်ဖြင့်...
နွားနို့ခွက်ကို ပေးလာတဲ့ အဲ့ငပုတိုကောင်ကို မျက်စောင်းထိုးကာ သောက်မယ်ဟန်ပြင်စဉ် ကျန်နွားနို့ခွက်ကို ကိုင်လျက် အပေါ်တက်မဲ့ ခြေလှမ်းတွေ....သောက်လိုက်စ နွားနို့ကိုခပ်မြန်မြန်မျိုချကာ လှေကားသုံးဆင့်သာ တက်ရသေးသော ထိုငပုတိုကောင်အား မြန်မြန်ဟန့်တား၍
YOU ARE READING
Full House(completed)
RomanceZawgyi& unicode Vkook Started Aug18 2017 Ended June28 2018