"မေ!!!!!"
ဆေးရုံကုတင်ပေါ်တွင်လှဲလျောင်းနေသော မေမေ မှာတကိုယ်လုံးဖြူလျော့စွာသွေးမရှိသလို.....သတိေ့နေတဲ့မေမေအနားသွားပြီး လက်လေးဆုပ်ကိုင်ထားပြီးငိုကြွေးမိတော့ ပခုံးပေါ်ရောက်ရှိလာတဲ့ ဖြေသိမ့်တဲ့လက်တစ်စုံ......
"အားနည်းလို့မူးလဲသွားတာပါသိပ်မစိုးရိမ်ပါနဲ့.."
ဖေဖေရဲ့နှိမ့်သိမ့်စကားအဆုံးသူပိုပြီးမျက်ရည်ကျမိသည်..အဖေခေါ်စရာမရှိမှားစိုးလို့ကြံမိကြံရာကြံခဲ့မိတဲ့ သူ့အမေအပေါ်သူဟာစိတ်ဒဏ်ရာပေးခြင်းဖြင့်ကျေးဇူးဆပ်ခဲ့သည်..သူ့လောက်မိုက်မဲတဲ့သူကမ္ဘာမှာရှိမည်မဟုတ်.......အမေ့လက်လေးကိုအုပ်မိုးပြီးကိုင်ကာ ငိုတုန်း ခေါင်းပေါ်ညင်သာစွာကျရောက်လာတဲ့ လက်တစ်စုံ ..
"မေမေ!!!!!"
တောင်းပန်တိုးသျှိုသည့်အကြည့်တစ်စုံဖြင့်ကြည့်နေသောသူ့ကိုမေမေဟာ နာကျင်နေတာတောင်သူ့အားအပြုံးတစ်စုံပေးစွမ်းခဲ့သည်.......
************
အိမ်ကိုပြန်ရောက်ပြီးရက်သတ္တပတ်အကြာမှာဘဲ မေမေဟာထူထူထောင်ထောင်ပြန်ဖြစ်လာခဲ့သည်......ကျွန်တော်တို့အိမ်ဟာလည်းအရင်လိုစိုစိုပြေပြေပြန်ဖြစ်လာခဲ့သည်...ကလေးလိုချင်သည်ဟုဂျီကျလွန်းသော Taehyung ကြောင့်လည်း အိမ်သားတွေအကုန်ခေါင်းခဲနေရသည်......မိဘမဲ့ဂေဟာကမွေးစားပေးမည်ဟုပြောသော်လည်းလက်မခံချေ........ကျွန်တော်ကိုယ်တိုင်မွေးပေးဟု ဂျစ်ကျသည်......မမွေးပေးဘူးဟုပြောတော့ စိတ်ကောက်ကာ စကားမပြောသည်မှာ နှစ်ရက်ပင်ပြည့်တော့မည်......ဒီနေ့တော့မဖြစ်ချေ...ချော့မှရတော့မည်..
YOU ARE READING
Full House(completed)
RomanceZawgyi& unicode Vkook Started Aug18 2017 Ended June28 2018