❤⚡-1

2.8K 206 10
                                    


Love⚡is⚡base⚡on⚡Thunder

🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃

"ရွှီး...ဒုန်း...ဒုန်း..ဒုန်း"

"ဟဲ့..Park Chanyeol...ကမ္ဘာပျက်​​နေတာလား တီ​ဗွီသံ​လျှော့စမ်း"

ယောင်းမကြီးကိုင်​ကာတံခါး​ပေါက်​ဝရပ်​​နေ​သောမာတာမိခင်​​ကျေးဇူးရှင်​..မာမီSuhoကိုကြည့်​​တော့တစ်​ခုခုပြန်​​ပြောလျှင်​ဝါးစား​တော့မလိုမျိုးကြည့်​​နေ၏။

ခပ်​လှမ်းလှမ်းမှာရှိတဲ့တီဗွီကိုရီမုနဲ့မပိတ်​ချင်​ပိတ်​ချင်​..ပိတ်​လိုက်​ရကာ

"မားကလည်းအသံသိပ်​မကျယ်​ပဲနဲ့ဘာလို့လဲ😑"

"ဘယ်​လို..ဘယ်​လို့အသံသိပ်​မကျယ်​ဘူးဟလား...နင်​အသံကျယ်​လားမကျယ်​လား မိုး​ပေါ်ကသိကြားမင်း​တောင်​ဖင်​ကျိန်း​နေ​လောက်​ပြီ"

"မားက သိကြားမင်းဖင်​ကျိန်းတာဘယ်​လိုသိလဲ😯"

~ခွပ်​💥~

စကားသံအဆုံး..မား၏လက်​ဖြူ စွပ်​စွပ်​က ကျ​နော့်​​ရွှေ​ခေါင်း​တော်​​ပေါ်သို့ဆိုက်​ဆိုက်​မြိုက်​မြိုက်​​ရောက်​ချလာခဲ့ပြီ။

"အား!! မားနာတယ်​"

"​အေး..အဲ့ဒါ​ပေါက်​ကရ​တွေ​လျှောက်​​မေးလို့..ကဲလာ​တော့​အောက်​ထပ်​ဆင်းလာခဲ့ ငါ့ကိုဝိုင်းကူ​ပေးည​နေ​စောင်းလို့နင့်​အ​ဖေပြန်​လာရင်​ ထမင်းဝိုင်းအဆင့်​သင့်​ဖြစ်​​နေ​အောင်​လို့...​"

"ဟွန့်​😒"

Park Chanတို့်မျက်​နှာရှစ်​​ခေါက်​ ချိုးဖြင့်​ သူ့မာမီsuho​ခေါ်​ဆောင်​ရာ​အောက်​ထပ်​သို့
အောက်​ထပ်​​ရောက်​​တော့လည်းထိုမျက်​နှာကိုမပြင်​​သေးပဲ...အ​ခေါက်​ခံထားရ​သော​ခေါင်း​လေးကိုပွတ်​ကာ..

"မားလုပ်​လို့..ကျ​နော်​ကျက်​ထားတဲ့စာ​တွေ​မေ့ကုန်​ရင်​ဘယ်​လိုလုပ်​မလဲ..​နောက်​အပတ်​စာ​မေးပွဲရှိတယ်​ဗျ"

"အပို​တွေမ​ပြောပါနဲ့..ကိုယ်​​တော်​​ချောရယ်​..နင်​​ခေါင်းထဲ​မေ့စရာဆိုလို့စာတစ်​လုံးမှမရှိတာငါအသိဆုံး...နင်​ဘယ်​တုန်းကစာကျက်​ဖူးလို့လဲ"

Love is base on Thunder⚡Dove le storie prendono vita. Scoprilo ora