YOU'RE IN MY MEMORY…
Part 7…
~~တောက်ပလာသော နေရောင်ခြည်ဟာ နေ့သစ်တစ်ခုရဲ့ အစဆိုရင် ကျနော် ဝန်ခံပါသည် ကျနော် Do Kyungsoo မွေးဖွားလာခြင်းသည် kim kai အတွက် ပေးဆပ်ရန်သာ… အခုလည်း ကျနော် မနက်စောစောထ၍ သူ့အတွက် school uniform ကို မီးပူတိုက်ပေးနေရတယ်လေ ကျနော်အရင်က လုပ်ခဲ့တဲ့ သူ့အတွက် ဝေလျာဝစ္စများထဲက တစ်ခုပေါ့ဗျာ သူခိုင်းတာတော့ မဟုတ် ကျနော့ဘာသာ ကျနော်လျှာရှည်ခြင်းပင် ငယ်ငယ်လေးကတည်းက အခြားသူတွေ သူ့အကျီင်္မီးပူတိုက်ရင် မကျေနပ်သလို ခံစားရသည် အဲ့ဒီ့အတွက် ကျနော်ကိုယ်တိုင် မီးပူတိုက်ပေးခဲ့ခြင်းပင် ကျနော်အားလုံးပီးစီး၍ သူ့အခန်းထဲကို ဝင်ကြည့်ခဲ့ပေမဲ့ သူက မရှိတော့ ကျနော်အောက်ထပ်ဆင်းလေတော့ သူက breakfast စားနေတယ်လေ သူကျနော့်ကိုတွေ့သွားတော့ ခေါင်းငုံ့သွားပီး အပေါ်ထပ်ကို တက်သွားလေသည်
''jongin''
~~ကျနော့အသံကြောင့် သူကျနော်ကို လှည့်ကြည့်လာသည်
''မင်း uniform ကို မီးပူတိုက်ပီး ခုတင်ပေါ်မှာ တင်ထားတယ်''
~~သူပုံစံက တစ်ခုခု ပြောချင်နေတဲ့ပုံ သူ အောက်ထပ်သို့ ပြန်ဆင်းလာပီး ကျနော်ရှိရာသို့ လာကာ…
''ငါဒီနေ့ ကျောင်းမတက်ဖြစ်ဘူး Kyungie မင်းပဲ သွားလိုက်တော့''
''wae? ဘာလို့ မင်း ကျောင်းမသွားမှာလဲ''
~~ကျနော်အရဲစွန့်ကာ မေးကြည့်လိုက်သည် ဘာလို့မှန်းမသိ ကျနော် သူကျောင်းမလာမှာကို မကြိုက်ဘူး ကြောက်နေမိတယ်
''ငါ နေ့လည် 12 နာရီ flight နဲ့ China သွားရမယ်''
~~ကျနော်ဘာမျှမပြောတော့ဘဲ စက်ဘီးလေးတွန်းကာ ကျောင်းကို ထွက်လာမိတယ် သူအိမ်မှာမရှိဘူးဆိုတဲ့ အတွေးလေးက ကျနော့ခေါင်းထဲကနေတဆင့် နှလုံးသားအထိ စီးဆင်းသွားလေသည် ဘယ်လောက် ကြာမလဲ ဘာလုပ်ဖို့ သွားမှာလဲ ဘယ်တော့ပြန်လာမှာလဲ ဆိုတဲ့ မေးခွန်းတွေက ခေါင်းထဲမှာ အပြည့်…
''kyungie''
~~ကျနော်အတွေးလွန်နေစဉ် ခေါ်လ်ုက်တဲ့ jongdae ကြောင့် ကျနော် အတွေးများကို ခေတ္တရပ်စဲလိုက်ရတယ်
YOU ARE READING
YOU'RE IN MY MEMORY
FanfictionKaisoo ( Yaoi ) Angst / Gloomy / Romance တစ်ခါမှ မရင်ဆိုင်ခဲ့ရတဲ့ အရှုံး မင်းနဲ့ကျမှ အကြိမ်ကြိမ် ရှုံးနိမ့်နေတယ် ငါကိုယ်တိုင်ကများ မင်းကို အနိုင်ရစေချင်ခဲ့တာလား???