**Give and Take**

536 52 0
                                    

YOU'RE IN MY MEMORY...

Part 3...

''မနက်ဖြန် မင်းတို့ နှစ်ယောက်ရဲ့ မိဘတွေ လာပီး ငါ့ကို ဒူးထောက် တောင်းပန်စေရမယ်''

~~သူက smirk တစ်ချက်ပြုံးကာ ကျနော့ကို တစ်ချက်ကြည့်ပီး ထွက်သွားတယ်... garr... စိတ်တိုလိုက်တာနော် ကော့တော့ကော့တော့နဲ့ လမ်းလျှောက်သွားတဲ့ သူ့ကျောပြင်ကို ကြည့်ပီး ခဲနဲ့ ပေါက်ချင်လာတယ် ဒါပေမဲ့ ကျနော့ အခြေအနေအရ...

"kim kai!!"

~~ကျနော် သည်းမခံနိုင်တဲ့အဆုံး သူ့နာမယ် အော်လိုက်မိတယ် သူက ကျနော့်ကို သူ့ရဲ့ အညိုရောင်မျက်ဝန်းတွေနဲ့ ခပ်စူးစူးကြည့်ပီး...

''မင်းအခု ငါ့ကို ဘယ်လိုခေါ်လိုက်တာလဲ''

~~ကြားတဲ့အတိုင်းပဲလေလို့ ကျနော်ပြောချင်ခဲ့သော်လည်း

''မင်းနဲ့ငါနဲ့ နှစ်ယောက်တည်း သက်သက် စကားပြောရအောင်''

~~သူခဏစဉ်းစားကာ ကျနော့ကိုဆွဲခေါ်သွားလေတယ် သူဆွဲခေါ်သွားတာကလည်း သူ့ကားပေါ်ကို... သူကားကို စက်နှိုးလေတော့ ကျနောသူ့လက်ကို ကိုင်ပီး...

''ဘယ်လဲ''

~~သူက ကျနော့အမေးကို မတုံ့မဆိုင်း ပြန်ဖြေလာတယ်

''အိမ်ကို''

~~bor?? စကားလေးပြောရဖို့ သူ့အိမ်အထိ လိုက်သွားရအောင် သူက president ရဲ့ သားမို့လို့လား

''ဒီမှာပဲပြော''

~~ကျနော့စကားကို မသိကျေးကျွန်ပြုပီး မောင်းနေတဲ့ သူ့ကို ကျနော် ဘာမှမပြောမိတော့ ဆက်ပြောရင် ကျနော် ကားပေါ်က မောင်းထုတ်ခံရမည် မဟုတ်လား ကျနော်သိသလောက်တော့ သူအခုမောင်းနေတာ သူ့အိမ်မဟုတ်ပါဘူး သူအခု ဘယ်ကို မောင်းနေတာပါဘိမ့် ကျနော် လူတစ်ယောက် mes ပို့ပီး စုံစမ်းခိုင်းတော့ သူပိုင်တဲ့ အပန်းဖြေအိမ်တစ်အိမ်ရှိတယ်တဲ့ သူ့အိမ်ရောက်တော့လည်း အတင်းကို သူ့အခန်းထဲ ဆွဲခေါ်သွားတယ် အခန်းထဲရောက်တော့မှ ကျနော့လက်လေးကို လွှတ်ကာ သူမဟုတ်တဲ့အတိုင်း sofa ပေါ်ထိုင်ပီ ဖုန်းကလိနေလေတယ် ရော် ကျနော်က ဘာလုပ်ရမှာတုန်း...

''jongin''

~~သူကျနော့်ကို မော့ကြည့်လာလေတယ် aww jongin ဆိုတာ သူ့ အဘွားခေါ်တဲ့ နာမယ်လေ... သူကကျနော်နဲ့ သူ့အဘွား နှစ်ယောက်တည်းကိုပဲ ခေါ်ခွင့်ပေးတာလေ... ဒါပေမဲ့ သူ့အဘွားက လွန်ခဲ့တဲ့ 3 နှစ်ကတည်းက ဆုံးသွားပီ အကြောင်းအရင်းကို ကျနော်မသိသလို သူ့ကိုလည်း မမေးမိ... ကျနော်အတွေးလွန်နေတာနဲ့ လက်ရှိ အခြေအနေကိုတောင် မေ့သွားတယ်...

YOU'RE IN MY MEMORYDonde viven las historias. Descúbrelo ahora