YOU'RE IN MY MEMORY…
Part 8…
''Do Kyungsoo မင်းအခု ဘယ်ကနေပြန်လာတာလဲ''
~~ကျနော်အိမ်ရောက်ရောက်ချင်း တွေ့လိုက်ရတာက sofa ပေါ်မှာ ခြေထောက်ချိတ်ကာ ထိုင်နေတဲ့ kim kai!! ကျနော် အခုလောလောဆယ် သူနဲ့ စကားတစ်ခွန်းမှ မပြောချင်ဘူး ကျနော် ဘာမှမပြောဘဲ တက်သွားတော့ သူက ကျနော့လက်ကို လှမ်းဆွဲကာ ပုခုံးကို လှုပ်ကိုင်ရင်း…
''ငါမေးတယ်လေ''
''Yixing hyung နဲ့ လျှောက်လည်ပီး ပြန်လာတာ''
''ဘာ??''
~~ကျနော့ကို မယုံကြည်နိုင်တဲ့ အကြည့်တွေနဲ့ ကြည့်နေတဲ့ ရှေ့က kim kai ဆိုတဲ့ လူသားတစ်ဦး
''jongin ah''
~~ထောင့်စွန်းကနေ လှမ်းခေါ်ကာ kim kai လက်မောင်းကို လာချိတ်သော ထိုကောင်လေး jongin ရယ် မင်းငါ့ကိုသာ ခေါ်ခိုင်းတယ်ဆိုတဲ့ မင်းနာမယ်လေးကို အခု သူခေါ်နေပီလေကွာ
''jongin မကောင်းဘူး hyung ကို တစ်ယောက်တည်း အပေါ်မှာ ထားခဲ့တယ်''
~~ထိုကောင်လေးက တစ်နည်းအားဖြင့် ကျနော့ရဲ့ သူငယ်ချင်းဟောင်းက သူ့ရဲ့ လက်မောင်းလေးကို ကိုင်ကာ ပတ်ချွဲနပ်ချွဲ လာမေးနေလေသည် kim kai က ကျနော့ကို တစ်ချက်ကြည့်ကာ
''hyung အိပ်နေတာလေးကို ကျနော်က မနှိုးရက်လို့ပါ''
''aigoo wuri jongin လေးကို အဲ့တာလေးတွေ ချစ်တာ''
~~ကျနော့ရဲ့ ရှေ့တွင် အကြည်ဆိုက်နေသော သူတို့နှစ်ယောက် kim kai ဆိုရင် ပြုံးပျော်နေလိုက်တာ ဟိုတစ်ယောက်ကလည်း jongin jongin နဲ့
''aww သူက Xiao luhan လေ မင်းမှတ်မိတယ်မလား''
~~ကျနော်သူတို့ကို စိုက်ကြည့်နေတာ သိ၍ သူက ကျနော့်ကို သူနဲ့လာ မိတ်ဆက်လေသည် ကျနော် ခေါင်းငြိမ့်ပြလိုက်တော့
''Annyeong kyungsoo မတွေ့တာတောင် တော်တော်ကြပီ''
''imm''
~~ကျနော် သူတို့နှစ်ယောက်ကို မနှောင့်ယှက် ချင်တော့တာကြောင့် ကျနော်ရှောင်ထွက်လာခဲ့သည် သို့သော် jongin ၏ စကားတစ်ခွန်းကြောင့် ကျနော့်ရဲ့ ခြေအစုံလာ ရပ်တန့်သွားသလို ဆက်လျှောက်ဖို့လည်း အားအင်မရှိတော့
YOU ARE READING
YOU'RE IN MY MEMORY
FanfictionKaisoo ( Yaoi ) Angst / Gloomy / Romance တစ်ခါမှ မရင်ဆိုင်ခဲ့ရတဲ့ အရှုံး မင်းနဲ့ကျမှ အကြိမ်ကြိမ် ရှုံးနိမ့်နေတယ် ငါကိုယ်တိုင်ကများ မင်းကို အနိုင်ရစေချင်ခဲ့တာလား???