part..2

321 41 1
                                    

"အဟမ်း"
အ​နောက်​ဘက်​က ​ချောင်းဟန့်​သံ​ကြောင့်​ ကျွန်​​တော်​ တစ်​ချက်​လန့်​သွားတယ်​...
လူတစ်​​ယောက်​လုံးတံခါးဖွင့်​ဝင်​လာတာ သထိမထားမိ​လောက်​​အောက်​ ကျွန်​​တော်​ဖုန်းထဲအာရုံ​ရောက်​​နေမိတာ...
"​ရောက်​လာပီလား"
အားနာနာနဲ့ပဲပြုံးပီး​မေးလိုက်​မိတယ်

မျက်​စိ​ရှေ့မှာ ပါး​ဖောင်း​ဖောင်းနဲ့​ကောင်​​လေး
မျက်​​မှောင်​ကြီးလည်း ကျုံ့လို့
ဘောင်းဘီ အိပ်​ထဲလက်​နှိုက်​ပီး ကျွန်​​တော့​ရှေ့​လျှောက်​လာပုံက ဂိုဏ်းစတားလိုလို

"Wayo ထင်​တယ်​ ​တွေ့ရတာဝမ်းသာပါတယ်​"
ထိုင်​ရာက ထရပ်​ရင်းနှုတ်​ဆက်​လိုက်​​တော့ ​ရှေ့က​ကောင်​​လေး မျက်​ခုံးတစ်​ချက်​ပင့်​သွားတယ်

အ​ကြောင်းက ကျွန်​​တော်​ကသူ့ထက်​ အ​တော်​တန်​ကိုအရပ်​မြင့်​​နေလို့ပဲ
မော့ကြည့်​​နေရတဲ့သူ့ပုံစံ​ကြောင့်​ ကျွန်​​တော်​ရယ်​ချင်​သွားတယ်

"ကိုယ့်​နာမည်​ Phanaပါ"

လက်​​တောင်​ရှက်​သွားတယ်​ အ​ချေကိုယ်​​တော်​​လေးက ကမ်းထားတဲ့ကျွန်​​တော့်​လက်​ကိုတစ်​ချက်​ကြည့်​ပီး ခုံမှာထိုင်​လိုက်​ တယ်​ ခြေထောက်​ပါချိတ်​လိုက်​​သေးတယ်​.... ​ကောင်းကွာ

ကြားထားတဲ့အတိုင်း တကယ့်​ငဆိုး​လေးပဲ

"ဘယ်​အချိန်​ထိလဲ"
"ဟမ်​"
အသံသြသြ​လေးခပ်​အုပ်​အုပ်​ထွက်​လာတယ်

"ခင်​ဗျား ဘယ်​အချိန်​ထိ ဒီမှာ​နေမှာလဲလို့"

"အာ.........အင်းးး​ ကိုယ်​ဒီပလိုမာသင်​တန်းပီးချိန်​အထိ တစ်​နှစ်​​လောက်​.."

"ဒယ်​ဒီနဲ့...ဘယ်​လိုပတ်​သတ်​လဲ"

အိ ဘယ်​လို​မေးခွန်းကြီးလဲ ကြက်​သီး​တောင်​ထသွားတယ်

မျက်​လုံးဝိုင်းကြီး​တွေစင်းပီးခပ်စူးစူးကြည့်​​နေပုံက ခ​လေးဆိုးတစ်​​ယောက်​ ဂျစ်​တိုက်​​နေတဲ့အတိုင်းပဲ .....ကျွန်​​တော်​ စ ချင်​လာတယ်

"ဘယ်​လိုထင်​လို့လဲ "
"Shit..."

ဒီခ​လေးနဲနဲ​တော့များသွားပီ ...အကြီးကို........

Love is..........Where stories live. Discover now