သာယာတဲ့မနက်ခင်းလေးမှာ Phaကတော့ မသာမယာနဲ့နိုးထလာခဲ့ပီ
လည်ပင်းနဲ့ခါးက အတော်နာနေသေးတာ ညက တစ်ရေးနိုးနာရီကြည့်တော့ မနက်၃နာရီကျော်နေပီ သူ ဧည့်ခန်းဆက်တီပေါ်မှာ အိပ်ပျော်သွားတာကြီး အလန့်တကြားနဲ့ ဟိုကောင်လေးပြန်မှရောက်သေးရဲ့လား သူ့အခန်းတံခါးသွားခေါက်ကြည့်ဖို့လုပ်ပေမယ့် ပြန်ရောက်ပီးအိပ်နေတာဆို အနှောင့်အယှက်ဖြစ်မှာစိုးလို့...
မနှိုးဖြစ်တော့ဘူးအခန်းအဝင်ဝက ဖိနပ်စင်မှာ ကောင်လေးရဲ့ဖိနပ်တွေ့တော့မှ စိတ်ချလက်ချ သူအိပ်ယာပြန်ဝင်ခဲ့တာ
"စိတ်ပုတ်လေး ပြန်ရောက်တာ ငါ့နှိုးမသွားဘူး "ကိုယ်လက်သန့်စင်ပီး မနက်စာပြင်ဖို့ သူမီးဖိုချောင်ထွက်လာခဲ့တယ်
မနေ့ကစူပါမားကတ်မှာ လိုအပ်တာအကုန်ဝယ်လာခဲ့တယ်ရေဆာလာတာနဲ့ ရေခဲသေတ္တာဖွင့်ပီး နွားနို့ဘူးလေးကောက်မော့လိုက်တယ်
"နိုးပီလား"
အနောက်ကထွက်လာတဲ့အသံခပ်အုပ်အုပ်လေး.. ဟိုကောင်လေးလည်း နိုးလာပီထင်တယ်
"ဖူး.....💦💦💦"
နွားနို့သောက်ရင်းလှည့်ကြည့်မိတာ Phaအမှားပဲ"မင်း မင်းဘယ်လိုဝတ်ထားတာလဲ"
နွားနို့ သီးသွားတဲ့ Phanaကို တစ်ချက်ပြူးကြည့်တယ် ပီးတော့မှ မခိုးမခန့်မျက်နှာပေးနဲ့"ခင်ဗျားမြင်တဲ့အတိုင်းပဲလေ"
ရှင်းသွားတာပဲ မြင်တဲ့အတိုင်းပဲတဲ့..
ပေါင်လည်လောက်အရှည်ရှိတဲ့တီရှပ်တစ်ထည်တည်းနဲ့ အောက်ပိုင်းကဗလာ...."အိမ်နေရင်းဆိုပေမယ် ဘောင်း ဘောင်းဘီတော့ဝတ်ထားလေကွာ"
"ဟား ခင်ဗျားတော်တော်ရယ်ရတာပဲ ကျနော်က _င် ပြောင်ကြီးနေပါ့မလား ဒီမှာ"
ပြောကာမှပိုဆိုး တီရှပ်ကိုလှန်အပြ phaမျက်နှာလွှဲလိုက်ရတယ်
YOU ARE READING
Love is..........
Фанфикအချစ်ဆိုတာ ကျနော့အတွက်တော့ သူ့ရဲပျော်ရွှင်မှုပဲ Phana ဒါလားအချစ် ဆန်းကြယ်သား ဟက် Wayo