ကျွန်တော်ဒီအိမ်ခန်းမှာရောက်နေတာ တစ်ပတ်ကျော်သွားပီ Wayoနဲ့ဆက်ဆံရေးကလည်း အတော်လေးအဆင်ပြေလာပါပီ ဒီကောင်လေးက အပေါ်ယံသာမာရေကျောရေရှိတာ အတွင်းစိတ်လေးက ပျော့တယ် ဒါကလဲ စိတ်ဒဏ်ရာရထားသူတွေမှာတွေ့ရလေးရှိတဲ့ လက္ခဏာမျိုးပါပဲ
ခုနောက်ပိုင်း ညဆိုအချိန်မှန်ပြန်လာတယ် တရက်တလေ တယောက်တည်း ညနက်သန်းခေါင် ဘီယာထသောက်နေတတ်တယ် သူ့ကိုကြည့်ရတာ အထီးကျန်မှုတွေကို ဖြေသာစရာရှာရှင်းဖုံးကွယ်နေသလိုပဲ
သူ့အဖေအိမ်ကိုလည်း သွားတာမတွေ့ရဘူး အန်ကယ်Beamက ဒီနေ့ ညစာကို ကျွန်တော်တို့သုံးယောက်အတူစားဖို့ သူ့အိမ်ကိုခေါ်ထားတယ်"Mr. Phana"
ကြည့် ကျွန်တော့ကိုအဲ့သလိုခေါ်တာ
ကျောင်းကပြန်လာပီ ကျောပိုးအိတ်ကို တစ်ဖက်လွယ်ထားပီး လက်တစ်ဖက်ကဘောင်းဘီအိတ်ထဲထည့်ပီး ဟန်ပါပါရပ်နေတယ်"၆နာရီ အိမ်ကစထွက်မယ် အသင့်ပြင်ထားပါ"
"Ham ငါမင်းနဲ့အတူသွားရမှာလား"
ကျွန်တော့ကိုစိတ်ပျက်သလိုတစ်ချက်ကြည့်တယ်
"အတူနေပီး အတူရောက်မလာရင် ဒယ်ဒီကျနော့ကိုဘာပြောမလဲ"
"အိုကေလေ.......အဲ့ဒီတော့ ငါက မင်းကားနဲ့လိုက်ရမှာလား..."
"ခင်ဗျားဆိုင်ကယ်စုတ်ကြီးကို ဒီတစ်ညတော့အနားပေးလိုက်ပါ.... "
ဟင်း ဒီကောင်လေးကတော့လေ 'ကျနော့်ကားနဲ့ပဲအတူလိုက်ခဲ့ပါ P'Pha' လို့ပြောလိုက်ရင် အရပ်ပိုရှည်လာမှာစိုးလို့လားမသိဘူး တကယ်ပါပဲ
............၆နာရီသွားမယ်ပြောတာလဲ သူပဲ ခု၆ခွဲနေပီ အခန်းထဲက ထွက်မလာသေးဘူး
'ဒေါက် ဒေါက် ဒေါက်'
Phana စိတ်မရှည်တဲ့အဆုံး wayoအခန်းတံခါးကိုသွားခေါက်လိုက်တယ်
မကြားဖူးထင်တယ်'ဒေါက်...ဒေါက်....ကျွီ'
ခေါက်သံမဆုံးသေးတံခါးပွင့်လာပီးအော်ပြောတယ်

YOU ARE READING
Love is..........
Fanfictionအချစ်ဆိုတာ ကျနော့အတွက်တော့ သူ့ရဲပျော်ရွှင်မှုပဲ Phana ဒါလားအချစ် ဆန်းကြယ်သား ဟက် Wayo