ကိုယ္ဟာ သိပ္ေပ်ာ့ညံ့လြန္းတယ္
ကိုယ္ကခ်စ္လြန္းလို႔
ခ်စ္ပါတယ္ ၀န္ခံေနပါရက္နဲ႔
သူကေတာ့ ကိုယ္လည္းခ်စ္တယ္ေလ လို႔ခပ္ေနာက္ေနာက္ျပန္ေျပာတယ္
သူနဲ႔ကိုယ္ဟာ
ပထမႏွစ္တက္ကတည္းက ခင္လာၾကတဲ့ သူငယ္ခ်င္းအရင္းႀကီးေတြ
သူ ရန္ကုန္ေျပာင္းသြားေတာ့
ေက်ာင္းလည္းကြဲ လူလည္းကြဲ
ဒီေတာ့မွ ကိုယ့္ဘက္ကခ်စ္ေၾကာင္း
၀န္ခံမိတာ
သူကေတာ့ ေနာက္ေနတယ္ ထင္မွာပဲ
"မင္းခ်စ္သူက မင္းတို႔ၿမိဳ႕ကဆို" လို႔ေမးမိပါတယ္
"အရင္ကပါ" တဲ့
"အခုတစ္ေယာက္က မင္းနဲ႔ေက်ာင္းတူလား" ဆိုျပန္ေတာ့
ကိုယ့္ကို "သူပဲေလ" လို႔ ျပန္ေျဖတယ္
ၿမိဳ႕မတူ ရြာမတူ အေဝးကေန ကိုယ္ဟာ သူ႔အတြက္ စေနာက္စရာ သူငယ္ခ်င္းအဆင့္ကေန မပိုဘူးထင္ပါတယ္
ခ်စ္လြန္လြန္းလို႔ပါဟာ
သူ႔အတြက္ ကိုယ္ သူ႔ဘ၀မွာ ေနရာတစ္ေနရာေလာက္ လိုခ်င္မိတာ ေလာဘေသးေသးေလးလို႔ ကိုယ္ထင္တယ္ေလ
ကိုယ့္အနားကပ္လာသမၽွ လူေတြကို ကိုယ္က အျမဲတမ္းခြာခဲ့တာ မင္းတစ္ေယာက္တည္းေၾကာင့္ပါကြာ
ခ်စ္တယ္ေျပာတာကိုယ္ေပမဲ့
မင္းလည္းခ်စ္တယ္ျပန္ေျဖခဲ့ေတာ့
ကိုယ့္ကိုဂရုေလးေတာ့စိုက္ေပးေစခ်င္တာ ကိုယ္ႏြဲ႕ရာမ်ားက်မလား
အရင္သူငယ္ခ်င္းေတြလိုတုန္းကထက္
မင္းက ကိုယ့္ကိုစိမ္းသြားသလိုလို
ခ်စ္ပါတယ္ အသည္းေပါက္မတတ္
လြမ္းပါတယ္ မေတြ႕ရလို႔
ေကာင္းကင္ကေတာ့တစ္ခုတည္း
ေနရပ္ကေလးေတြ ေဝးေနတုန္း
တစ္ဖတ္သက္အခ်စ္နဲ႔ ဆက္ရွင္သန္ရမလား
မင္းသိေစခ်င္တယ္
ကိုယ္မင္းကို ေျပာခဲ့သမၽွ
ကိုယ့္ႏွလံုးသားအေရးဟာ
မင္းအေပၚ လိမ္ညာခဲ့ျခင္း
မရွိဘူးဆိုတာေလးေပါ့ ။.........
ကိုယ်ဟာ သိပ်ပျော့ညံ့လွန်းတယ်
ကိုယ်ကချစ်လွန်းလို့
ချစ်ပါတယ် ၀န်ခံနေပါရက်နဲ့
သူကတော့ ကိုယ်လည်းချစ်တယ်လေ လို့ခပ်နောက်နောက်ပြန်ပြောတယ်
သူနဲ့ကိုယ်ဟာ
ပထမနှစ်တက်ကတည်းက ခင်လာကြတဲ့ သူငယ်ချင်းအရင်းကြီးတွေ
သူ ရန်ကုန်ပြောင်းသွားတော့
ကျောင်းလည်းကွဲ လူလည်းကွဲ
ဒီတော့မှ ကိုယ့်ဘက်ကချစ်ကြောင်း
၀န်ခံမိတာ
သူကတော့ နောက်နေတယ် ထင်မှာပဲ
"မင်းချစ်သူက မင်းတို့မြို့ကဆို" လို့မေးမိပါတယ်
"အရင်ကပါ" တဲ့
"အခုတစ်ယောက်က မင်းနဲ့ကျောင်းတူလား" ဆိုပြန်တော့
ကိုယ့်ကို "သူပဲလေ" လို့ ပြန်ဖြေတယ်
မြို့မတူ ရွာမတူ အဝေးကနေ ကိုယ်ဟာ သူ့အတွက် စနောက်စရာ သူငယ်ချင်းအဆင့်ကနေ မပိုဘူးထင်ပါတယ်
ချစ်လွန်လွန်းလို့ပါဟာ
သူ့အတွက် ကိုယ် သူ့ဘ၀မှာ နေရာတစ်နေရာလောက် လိုချင်မိတာ လောဘသေးသေးလေးလို့ ကိုယ်ထင်တယ်လေ
ကိုယ့်အနားကပ်လာသမျှ လူတွေကို ကိုယ်က အမြဲတမ်းခွာခဲ့တာ မင်းတစ်ယောက်တည်းကြောင့်ပါကွာ
ချစ်တယ်ပြောတာကိုယ်ပေမဲ့
မင်းလည်းချစ်တယ်ပြန်ဖြေခဲ့တော့
ကိုယ့်ကိုဂရုလေးတော့စိုက်ပေးစေချင်တာ ကိုယ်နွဲ့ရာများကျမလား
အရင်သူငယ်ချင်းတွေလိုတုန်းကထက်
မင်းက ကိုယ့်ကိုစိမ်းသွားသလိုလို
ချစ်ပါတယ် အသည်းပေါက်မတတ်
လွမ်းပါတယ် မတွေ့ရလို့
ကောင်းကင်ကတော့တစ်ခုတည်း
နေရပ်ကလေးတွေ ဝေးနေတုန်း
တစ်ဖတ်သက်အချစ်နဲ့ ဆက်ရှင်သန်ရမလား
မင်းသိစေချင်တယ်
ကိုယ်မင်းကို ပြောခဲ့သမျှ
ကိုယ့်နှလုံးသားအရေးဟာ
မင်းအပေါ် လိမ်ညာခဲ့ခြင်း
မရှိဘူးဆိုတာလေးပေါ့ ။