ကိုယ်ဟာ အရာရာကို မေမေနဲ့တိုင်ပင်နေကြ
မေမေ့ကို ပြောပြပြီးမှ ကိုယ်ရှေ့ဆက်တယ်
ခုလည်း ကိုယ့်ကို ချစ်သူရှိနေကြောင်း
မေမေ့ကိုပြောပြမိတယ်
မေမေက သူကငယ်လွန်းတယ်
စရိုက်လည်း ဆန်တယ်
မေမေ သိပ်သဘောမကျဘူးတဲ့
မယုတ်မလွန်ပဲဆက်ဆံပါ
အစ်မတစ်ယောက်လိုပဲ နေထိုင်ပါ လို့မေမေက သင်ပေးတယ်
ဒါနဲ့ပဲ ကိုယ်ဟာ ဆုံးဖြတ်ချက်ကိုပြင်ရပြန်တယ်
ကိုယ်သူ့ကို ဦးဆုံးထားမသွားပါဘူးဆိုတဲ့ကတိ
ကိုယ်ဖျက်ရပြီလေ
ကိုယ်ပြောခဲ့တယ်
Babe ကိုယ်babe ကို မချစ်ဘူး
တစ်ခွန်းတည်းပဲ ကိုယ်ပြောခဲ့တယ်
သူက မချစ်ဘူးဆိုရပါပြီ
အပိုစကားတွေ ထပ်ပြောဖို့မလိုဘူးလေ တဲ့
ကျန်းမာရေးသာဂရုစိုက်ဖို့မှာတယ်
မှတ်မှတ်ရရ အဲ့နေ့က
ကိုယ်သက်ပြင်းတွေအကြိမ်ကြိမ်ချခဲ့တဲ့နေ့
ကိုယ် သူ့ကို ကြာရှည် မညာချင်ဘူး
ကိုယ်မချစ်ခဲ့တာလည်းမဟုတ်
ဒါပေမဲ့ ကိုယ့်စိတ်ကို သိနေတယ်
မေမေ့ကို စိတ်ချမ်းသာစေချင်တယ်
သူ့ဘဝကလည်း ခုမှစခါစ
ကိုယ်က အကြီးလေ
သူ့ဘက်ကိုလည်းကြည့်ရမယ်
သူ့ကို ကိုယ်ဟာ သိပ်ဂရုမစိုက်နိုင်
ကိုယ်ဟာ နောက်ဆုံးနှစ်ကျောင်းသူတစ်ယောက်
ကိုယ် ဒီနှစ် ဘွဲ့ရဖို့အတွက် အသည်းအသည် ရုန်းကန်နေရတာ
အင်ဂျင်နီယာကျောင်းသားတွေ ဘယ်လောက်ဒုက္ခများနေရလည်း အသိ
သူ့ကိုအချိန်မပေးနိုင်
သူမရှိပဲ ကိုယ်နေနိုင်တယ်
သူလည်း နေနိုင်ရမယ်
သူ့ကိုကိုယ့်ထက်ဂရုစိုက်နိုင်မဲ့သူပဲ တွေ့စေချင်တယ်
ကိုယ်တစ်ခါကပြောဖူးသလို
ရက်စက်သင့်ရင် ရက်စက်ရမယ်
အသည်းမာသင့်ရင် မာရမယ်
လက်လွှတ်သင့်ရက် လွှတ်ရမယ်
တွဲတာမကြာသေးတဲ့အတွက်
သူသိပ်ခံစားရမှာမဟုတ်ပါဘူး
သူကကလေးပဲရှိသေးတာ
မြန်မြန်မေ့လွယ်သွားမှာပါ
ကိုယ့်ဘက်က ရှေ့မဆက်နိုင်တာ သေချာနေပြီလေ
သံယောဇဉ်ကြိုး အရမ်းကြီး မထူခင်
ဖြတ်သင့်ရင် အရင်ဖြတ်ထားတာ
ပိုကောင်းမှာပါ
ဒါ အကုန်ကောင်းဖို့ ကိုယ်ရည်ရွယ်တာပါ
Babe
ကိုယ့်ကို တစ်ကိုယ်ကောင်းဆန်သူလို့ ခေါ်ချင်လည်းခေါ်လိုက်
ကိုယ် babe ကို မချစ်လို့ မုန်းလို့ လက်လွှတ်လိုက်တာမဟုတ်ဘူး
ကိုယ့်မောင်တစ်ယောက်လို ချစ်လို့
Babe ကို လွတ်လပ်ခွင့်ပေးလိုက်တာ
Bye Bye
ကောက်ရခဲ့တဲ့ ချစ်သူလေးကို
ထားသင့်တဲ့နေရာမှာ ချန်ထားခဲ့ပါရစေ
ဒါက လမ်းခွဲလေး
မင်းကောင်းဖို့အတွက်ပါ babe
ကိုယ်ကတော့ single အဖြစ်နဲ့ ပျော်ပျော်ကြီး FA ဘဝဖြတ်သန်းလိုက်ဦးမယ်
Take care by yourself.
ပြောလို့မရဘူး မင်းချစ်သူဟောင်းလေးက မင်းကိုမျှော်ချင်မျှော်နေမှာပါ
..............