ဘဝအမှတ်တရ

479 48 7
                                    

အဲ့ဒီနေ့က အိမ်ကိုပြန်လာခဲ့တယ်
ကျောင်းပိတ်ထားတုန်း
အဝေးပြေးကားနဲ့ပော့
ထွက်လာခါစက အကောင်းပါ
ကားမထွက်ခင်က အဖိုးကြီးတစ်ယောက်က
ဆွမ်းကပ်ဖို့အလှူလာခံတယ်
ငွေ ၁၀၀၀ ထည့်လိုက်တယ်
လမ်းမှာ ထမင်းစားနားတော့
ကျောင်းသားလေးတွေ အလှူလာခံတယ်
ဓမ္မာရုံဆောက်လုပ်နေလို့ပါတဲ့
အကြွေ ၂၀၀ ပဲလွယ်လို့ ထည့်လိုက်တယ်
ကလေးတွေအတွက် ကို့်မှာပါလာတဲ့ lollypop လေးတွေ ကျွေးလိုက်သေးတယ်
ကားလေး ခရီးဆက်လာတယ်
၁နာရီကျော်ကျော်လေးမှာ
လမ်းကွေ့လေးကို အရှိန်နဲ့ ပန်းတက်နေတုန်း
လမ်းဘေးချိုင့်ထဲ ကားဘီးကျပြီး ကားက
တစ်ခြမ်းစောင်းသွားတယ်
လူက မြောက်တက်သွားတယ်
ဘုရားတမိရင်း ဘာနဲ့ရိုက်မိမှန်းမသိဘူး
သတိဝင်လို့ မျက်စိဖွင့်မိတော့
ကားက လမ်းဘေး မှာ တုံးလုံးလဲနေပြီ
အဖေအမေ တမိပေမဲ့ ကို့နားမှာ တစ်ယောက်မှမရှိဘူး
ဝမ်းနည်းတယ် ငိုချင်တယ်
မငိုနိုင်သေးဘူး
သူများတွေ အော်ပြောနေကြတယ်
"ဘာမှမဖြစ်ဘူး
ကားထဲကသာ ရအောင်ထွက်ကြပါ"
ဘယ်သူမှဘယ်သူ့ကိုမှ တွဲမထူကြဘူး
ကိုယ့်ဘာကို ရပ်ကြတယ်
ကိုမထနိုင်ဘူး ထိုင်ခုံကြားမှာ ခန္ဓာကိုယ် ညပ်နေတယ်
အတင်းထမိတယ် ကို့အောက်မှာ မှန်ကွဲတွေချည်းပဲ
ဖိနပ်တော့ တစ်ဖက်ပဲတွေ့တယ်
ကောက်မနေတော့ဘူး အဓိကက
ကားအပြင်ရောက်အောင်ထွက်ဖို့
ကို့ကျောပိုးအိတ်လေးက အနားတင်တွေ့တယ် ဆွဲယူလိုက်တယ်
မက်တပ်အတင်းအားယူ ထကြည့်တယ်
ခါးကမနိုင်ဘူး လူက ကုန်းကုန်းလေး
မတ်တပ်ရပ်နေမိတယ် ထွက်ပေါက်ရှာဖို့
ကြည့်မိ​တော့မှ သတိထားမိတယ်
ကားက ညာဘက်ကိုစောင်းနေတာ
ကိုက ဘယ်ဘက်ခြမ်းမှာထိုင်လာတာလေ
ကားတစ်စီးလုံး Alarm တွေမြည်နေတာ
နားတွေကို အူရောပဲ
ညာဘက်ခြမ်းက မှန်တွေ အကုန်ကွဲနေတာ
မွမွကိုကြေနေတာ တွေ့တယ်
ကားထဲမှာ ဖုန်တွေ အလုံးလိုက်အူလို့
ဘယ်ဘက်ခြမ်းက မှန်တွေ အကုန်အကောင်းပဲ
ကားရှေ့ လေကာမှန်က အက်ကွဲနေပြီ
ခရီးသည်တွေ ဘယ်ကထွက်လဲ ကြည့်မိတယ် ကားခေါင်မိုး လေဝင်ပေါက် က
တိုးထွက်နေကြတယ် အပြင်က
အော်သံတွေကြားတယ်
"ပိမိနေတဲ့လူတွေရှိလား ဝိုင်းဆွဲထုတ်ကြလေ" တဲ့
ထွက်ပေါက်ဘက်စီ ခါးကုန်းကုန်းနဲ့ပဲ ထွက်ရင်း အိတ်ထဲက ဖုန်းကိုစမ်းမိတယ်
တော်သေးတယ် ဖုန်းရှိသေးတယ်
လျှောက်ရင်း လေဝင်ပေါက်နား
ရောက်လာတယ် ညာဘက်ခြေထောက် အရင် ထုတ်လိုက်တယ် အပေါက်က မြင့်လွန်းနေတယ် ကို့ခြေထောက်က မြေပြင်နဲ့ ၂ထွာလောက်
လိုနေသေးတယ် အတင်း ခြေချမိတော့
ခါးကမျက်ကနဲနာတယ် အဲ့ကျမှသိတယ်
ခါးနာသွားတာကို အပေါက်မှာ လက်နဲ့ချိတ်ရင်း ဘယ်ဘက်ခြေထောက်ကို ဆွဲထုတ်မိတယ်
အပြင်ရောက်တာနဲ့
လမ်းမလျှောက်နိုင်တော့ဘူး
ထိုင်ချလိုက်မိတယ် ခါးကနာနေတော့
ခြေကိုဆင်းချလိုက်တယ် လက်ဖဝါးနဲ့
မြေကိုထောက်ထိုင်ရင်း ဖုန်းထုတ်လိုက်တယ်
သူများတွေကိုကြည့်မိတော့ နောက်မှာ
ကားတစ်စီးထပ်ရောက်နေပြီ ဆင်းပြီး
ဓာတ်ပုံတွေရိုက်နေကြတယ် နာတဲ့လူတွေကို
ကြည့်ပေးကြတယ် ကိုယ်ကတော့
ပုံမရိုက်နိုင်အားဘူး အိမ်ကို ဖုန်းဆက်ရမယ်
အရေးထဲ ဖုန်းကလိုင်းမမိဘူး
တော်သေးတယ် တစ်တိုင်တော့ တက်လာတယ်
အဖေ့ကို ခေါ်လိုက်တယ်
ဆက်သွယ်မှုဧရိယာပြင်ပတဲ့ ဒါနဲ့ပဲ
အိမ်ကအထိုင်ဖုန်းကို ခေါ်မိတယ်
မမ လာကိုင်တယ် အဲ့ကျမှလူက
အသံမထွက်တော့ဘူး အတင်းဖြစ်ညစ်ပြီး
"မမ လား "
"အေး ဘယ်နားရောက်နေပြီလဲ"
"မမ သားတို့လေ ကားမှောက်လို့ "
"ဟုတ်လား ဘယ်နားမှာလဲ" နေရာပြောမိတော့
"အေး အဖေ့ကို ပြောလိုက်မယ်နော် အဖေ အဲ့နားရောက်နေတယ် လာလိမ့်မယ် စောင့်နေ မငိုနဲ့နော် ဘာဖြစ်သွားသေးလဲ "
"ခါးတော့နာတယ် " ဆိုတော့
"လာလိမ့်မယ် စိတ်မပူနဲ့နော် ဘာမှ မဖြစ်ဘူး
သိလား "
ဆိုပြီး ဖုန်းကျသွားတယ်
ကားတွေ တစ်စီးပြီးတစ်စီး ရောက်လာကြတယ်
ကားအမျိုးအစားတွေ အများကြီးပဲ လိုက်မမှတ်ထားမိဘူး
သတိတရ နာရီကြည့်မိတယ် ၁နာရီ၂၅မိနစ်
နေကလည်း ပြင်းလိုက်တာ
air-con ကားထဲက ထွက်လာတာမို့
မပူသေးဘူး တစ်ကိုယ်လုံးလဲ
ဖုန်တွေသဲတွေလူးလို့ ဘောင်းဘီရှည်မှာ
သွေးတွေစွန်းနေတယ် ကို့မှာသွေးထွက်
ဒဏ်ရာမှမရခဲ့ပဲ ဒါ ထွက်ပေါက်မှာ စွန်းနေခဲ့တဲ့ သွေးတွေ လူကလှုပ်ကြည့်တယ် မရဘူး
လမ်းဘေးမှာလူက လှဲလျောင်းချင်စိတ်တောင်
ဖြစ်မိတယ် ဒါ​ပေမဲ့ မလှဲနိုင်ဘူး
အော်ချင်စိတ်လည်းမရှိဘူး
ညည်းချင်စိတ်လည်းမရှိဘူး စိတ်ထဲမှာ
အဖေမြန်မြန်ရောက်ရင်ကောင်းမယ်လို့ တွေးမိတယ်
ဘေးဘီကြည့်မိတယ် ကို့နားမှာ
ကလေးလေးတစ်ယောက်
လက်တစ်ဖက်ကိုမပြီး
မေမေရေလို့ ညည်းအော်နေတယ်
ကို့နောက်မှာ မိန်းမတစ်ယောက် ထိုင်ငိုနေတယ် ကို့ရှေ့မှာ ကို့အသက်အရွယ်လောက်
မိန်းကလေးတစ်ယောက် သွေးထွက်နေတဲ့
သူ့လက်လေးကို ကိုင်ထားရင်း
ညည်းနေတယ် လူကောင်းတွေက ရေဘူးတွေနဲ့ သွေးထွက်ဒဏ်ရာလေးတွေ လိုက်ပြီး
ဆေးပေးနေကြတယ် ဒဏ်​​ကြေ​ဆေးပါတဲ့
လူတွေက နာကြင်ဒဏ်ရာရသူတွေကို
ဆေးလိမ်းပေးနေကြတယ် နည်းနည်းခပ်လှမ်းလှမ်းမှာ လူတစ်ယောက် ခေါင်းကို
လက်နဲ့အုပ်ထားတယ် သွေးတွေ
ထွက်နေတာများ လက်ကြားကစီးကျနေတယ် တစ်ယောက်က စောင်ပါးနဲ့ လာအုပ်ပေးတာ
ခွာတုန်းတစ်ချက်မြင်လိုက်တယ်
ခေါင်းပေါက်သွားတာပဲ လက်ဖျံကွဲသွားတဲ့ လူလည်းတွေ့တယ် ကို့ကိုလာမေးတယ်
ထိခိုက်တာရှိလား ရေဆေးချင်လားပေါ့
ကိုခေါင်းခါမိတယ် ပါးစပ်ကအသံမထွက်ဘူး
အဲ့ချိန်မှာပဲ
"ကားကဆီယိုနေတယ် ကားဘေးမှာမနေကြနဲ့
လမ်းဟိုဘက်ကို ပြောင်းပါ " လို့
အော်ပြောသံ ကြားလိုက်ရတယ် ခက်ပြီ ခါးက လှုပ်မရတာ ကိုဘယ်လိုမတ်တပ်ရပ်ရပ့
အဲ့ချိန် ကိုမထနိုင်တာ တွေ့တဲ့ သားအမိက ကို့ကိုထူပေးတယ် ကိုလည်းအားပြုပြီး နာလည်းနာပါ​စေ အန္တရာယ်ကင်းဖို့ အရေးကြီးတယ် ဆိုပြီး
လမ်းတစ်ဘက်ခြမ်းကို ခြေတစ်ဖက်ဆွဲပြီး
လျှောက်သွားလိုက်တယ် ကျောပိုးအိတ်လေး လက်ကဆွဲလို့ လမ်းဟိုဘက်ရောက်တာနဲ့ လူက မဟန်တော့ဘူး ထိုင်ချလိုက်တယ် နေပူပြင်မှာပဲ
လေကအပူအအေးမျှလာတယ် အနာက
တစ်ဆစ်ဆစ်နာလာပြီ အနွေးထည်ကို အနာ
အောင့်ခံပြီးဆွဲချွတ် ခါးမှာတင်းတင်း
စီးလိုက်တယ် အနာသက်သာလိုသက်သာငြား
မသက်သာဘူး ပိုနာလာတယ် ထောက်ထားတဲ့လက်တွေ သွေးတောင်မလျှောက်တော့သလိုပဲ
ကျင်လာတယ် လူတွေကို နောက်ရောက်လာတဲ့ ကားတွေနဲ့ ခွဲခွဲပြီးတင်ပေးလိုက်တယ်
ကားလေးနဲ့ သေနတ်ကိုင်ရဲဘော်
၂ယောက်ရောက်လာတယ် အကြောင်းစုံ
လိုက်မေးနေကြတယ် ပြီးတော့မရှိတော့ပြန်ဘူး
ကို့ရှေ့မှာ အမျိုးသမီးတစ်ယောက် လှဲနေတယ် သူလည်းခါးနာလို့တဲ့ ဘုန်းကြီးတစ်ပါး နှာခေါင်းမှာ ပလာစတာလေးကပ်လို့ လူတစ်ယောက်
ခပ်လှမ်းလှမ်းမှာ ထိုင်နေတယ် သူက မနာသွားဘူး စောနက ခေါင်းပေါက်သွားတဲ့ လူကို
တစ်ယောက်က ပွေ့ထားတယ်
လူတွေကို ဆေးရုံပို့ချင်လို့ နီးရာ ဆန့်ရာ
ကားတွေနဲ့အနီးဆုံးမြို့ကို ပို့ဖို့ပြင်ကြတယ်
ခရီးသည်တွေက သူတို့အိတ်တွေကို
စိတ်ပူနေကြသေးတယ် ဖုန်းတွေကျကျန်ခဲ့လို့
ကားထဲဝင်ရှာမယ် တကဲကဲနဲ့
ဒရိုင်ဘာကတော့ လမ်းဘေးလယ်ကွင်းထဲမှာ
စိတ်ပျက်လက်ပျက် ထိုင်နေတယ်
တော်ပါ​သေးတယ် လူအသေအပျောက်မရှိလို့
တစ်စစနဲ့လူပါးလာတယ် ကားတွေနဲ့
တင်ပေးလိုက်ပြီလေ နောက်ဆုံးတစ်သုတ်ပဲ
ကျန်တော့တယ် ကိုအပါအဝင်
ကို မျှော်နေမိတယ် အဖေလာမဲ့လမ်းဆီ
နောက်ဆုံးတစ်သုတ်ကို ဒိုင်နာကားလေးပေါ်
တင်ပေးနေကြတယ် ကို့ကိုတကာဖို့​ပြောတယ် ကို့ကိုလာထူကြတယ် ကိုခနပဲရပ်နိုင်တယ် ခါးကညွတ်ကျသွားတယ် အဲ့ချိန်ပဲ အဖေ့ကားလေးက တစ်ဖက်တောင်ကုန်းက ဆင်းလာတာ
ကိုတွေ့လိုက်တယ် စိတ်ထဲလှိုက်ခနဲ
ဖြစ်သွားတယ် သူတို့ကို ပြောလိုက်တယ်
"အဖေလာနေတယ် အဖေနဲ့ပဲလိုက်မယ် ဟိုမှာ အဖေ့ကား " လို့
သူတို့က ဘယ်လိုလုပ်သိသွားတာလဲတဲ့
အဖေက နယ်ဂိတ်မှူးတစ်ယောက်လေ
အနီးဆံးမြို့က ဂိတ်ဟာ အဖေ့ဂိတ်ပါ
ကို ဖုန်းဆက်လိုက်တာလို့ ပြောလိုက်တယ် သူတို့က ဖုန်းမဆက်ရသေးဘူး သူတို့ဖုန်းလဲ ကားထဲကျန်ခဲ့တာကိုး
အဖေက ကားပေါ်ကဆင်းပြီး ကို့ဆီလာတယ်
ကိုလည်းထော့နင်းထော့နင်းနဲ့ အဖေ့ဆီ
လျှောက်လာမိတယ် အဖေအနားရောက်တော့ အဖေ့လက်လှမ်းတာနဲ့ ထိန်းထားသမျှ ငိုမိပါ​ရော
အဖေက အဖေရောက်လာပြီ ဘာမှမဖြစ်တော့ဘူး မငိုနဲ့တဲ့ အဖေက ကားမှောက်မှန်းမသိဘူး မမက စိတ်ပူမှစိုးလို့ ကားပျက်နေတယ် လို့ပဲ
ပြောလိုက်တယ်တဲ့လေ ရောက်တော့မှ ကားက
လမ်းပေါ်တစ်ပိုင်းမေးတင်ပြီး လမ်းဘေးတုံးလုံး လဲနေတာမြင်မှ စိတ်ပူသွားတာတဲ့
အမေကလည်းအိမ်မှာ မသိသေးဘူး
ငိုနေတာလည်း ပျောက် ခရီးသည်အကုန် ကားလေးပေါ်တင်ပြီး ကို့မြို့​လေးဆီ ထွက်လာခဲ့တော့တယ် အဲ့ချိန်ကားနားမှာ ကားသမား
၃ယောက်ပဲ ကျန်ခဲ့တော့တယ်
လမ်းကလည်းကြမ်းလို့ ခါးနာတာပိုနာ
မြို့နဲ့က မိုင် ၄၀ လောက်ဝေးတဲ့ တောင်ပေါ်လမ်း တွေလေ မြို့ကိုရောက်တော့ မှောင်စပျိုးနေပြီ
အိမ်ရောက်တော့ ကားပေါ်ကတွဲပြီးချရမှ
အမေကသိတာ အိမ်ရောက်တော့ လူစုံကို
ဖက်ပြီး ငိုမိတာ လူက ဝမ်းနည်းလွန်းလို့
သေပြီမှတ်တာလေ ကံကောင်းလွန်းလို့
ခါးပဲနာသွားတာ ကျန်တဲ့ခရီးသည်တွေ အဖေက ဆေးရုံဆက်ပို့လိုက်တယ် ကို့ကိုတော့ အိမ်က အဝတ်လဲပေး ဆေးလိမ်းပေး ရေပတ်တိုက်ပေး
အဖေက ပြန်လာခေါ်တယ် ဆေးရုံသွားရအောင်
ဆေးရုံမှာ ကားကလူနာတွေအကုန်ပဲ ကိုယ်လဲ ဆေးစာအုပ် ဖြည့်ပြီး ဆရာဝန်က အခေါ် စောင့်နေလိုက်တယ် ကိုယ့်အလှည့် စစ်ပြီး ဓာတ်မှန် ရိုက်ခိုင်းတယ် ရိုက်ဖို့သွားရတာပဲ ထိုင်ရထရ
လှုပ်တာနဲ့ နာတာ အသည်းခိုက်မတတ်ပဲ
ဒါလည်းသွားရတာပဲ လူတွေများတော့ တန်းစီ
စောင့်ရတာပဲ ကျောင်းက သူငယ်ချင်းတွေ ဖုန်းဆက်တယ် အဖေက တစ်ခေါက်ဖြေပေးလိုက်တယ် ကိုယ့်ဆီတစ်ယောက် ထပ်ဆက်တယ် လူက မက်တပ်ရပ်ရတာကြာတော့ ဖုန်းလည်း
ပြန်ဖြေချင်စိတ်မရှိ နာလွန်းလို့
မြန်မြန်ပြောပြီး ဖုန်းပြန်ချမိတယ်
ကိုယ့်အလှည့် ဓာတ်မှန်ရိုက်ရတော့ ခုတင်ပေါ်လှဲ​တော့ နာလွန်းလို့ ငိုရသေးရဲ့
အားလုံးပြီးတော့ ဆရာဝန်ပြန်ပြဖို့ ပြန်သွားရပြန်ရော ထိုင်နေတုန်း ရဲတွေက လူနာတွေကို
လိုက်မေးနေကြတယ်
နာမည် အမိအဘ နေရပ် ထိခိုက်ဒဏ်ရာ ပေါ့
ကို့လည်းလာမေးတယ် ဖြေလိုက်ရသေးတယ် ကိုကမြို့ခံဖြစ်နေတော့ သူတို့အံ့သြကြသေးရဲ့
ကိုကကျောင်းပိတ်လို့ပြန်လာတာလေ
ဆရာဝန် ပြန်ပြဖို့စောင့်ရတာလည်း အကြာကြီးပဲ လူက ထိုင်ရတာမသက်သာဘူး နာတယ်
ရန်ကုန်က သူငယ်ချင်းဆီက ဖုန်းဝင်လာတယ်
သတင်းမေးတာပေါ့ အားတောင်မရှိ မဖြေချင် ဒါပေမဲ့ ထိုင်စောင့်နေရတဲ့သူလေ အားနေတော့ ပြန်ဖြေလိုက်တယ် အကြောင်းစုံ
လူက နာတုန်းပဲ
မက်တပ်ရပ်လိုက်တယ် အမေ့ကိုမှီပြီး အဖေက အလုပ်တွေရှုပ်နေတယ် အားလုံးလိုက်လုပ်
ပေးနေရလို့ ခနနေတော့
အဖေရောက်လာတယ် အဖေနဲ့ ဆေးရုံက
လူတွေစကားပြောနေတုန်း ဆရာဝန်
ပြန်ရောက်လာတယ် လူနာစကြည့်တယ်
ကိုအရင်ဖြစ်သွားတယ် ဆရာကသေချာကြည့်တယ် အရိုးမထိပါဘူးတဲ့ ဆေး ၁၀ရက်
သောက်ပြီးနားပါ မထိုင်ပါနဲ့ လှဲနေဖို့ပေါ့
ကိုလည်း အိမ်ပြန်နားချင်ပြီ အမေ့အသိတွေနဲ့တိုးလို့ ဘယ်လိုဖြစ်ခဲ့ကြောင်း ပြန်ပြောခဲ့ရသေးကိုက သတိရှိနေတာကိုး
အဲ့ကျမှ ဆရာဝန်မမ တွေ ဝိုင်းမေးကြတာ
ဘယ်လိုတွေ ဖြစ်ခဲ့လဲ ဘာကြောင့်
ကားမှောက်တာလဲပေါ့ ကိုလည်းသိသလောက်
ပြန်ဖြေခဲ့တယ်
အိမ်ပြန်နားလို့ရပြီမို့ အမေနဲ့ပြန်ခဲ့ကြတယ်
အိမ်ရောက်တော့ အမေက နားခိုင်းတယ်
မမက ထမင်းလာခွံ့တယ် မစားတောင်မစားချင်
ဆေးသောက်ရမှာမို့လို့သာ ဆေးသောက်ပြီး နားချင်ပြီ အိပ်ယာထဲဝင်ခွေနေလိုက်တယ်
သြော် မသေကောင်းမပျောက်ကောင်း
မှတ်မှတ်ရရ အဲ့နေ့က ဒီဇင်ဘာ ၃၀ စနေနေ့။

Short Story ( One Shot Collection )Dove le storie prendono vita. Scoprilo ora