ချစ်​သူတစ်​ယောက်​ကောက်​ရခဲ့တယ်

266 35 2
                                    

သူကကိုယ့်​ထက်​ငယ်​တယ်
သူကကိုယ့်​ကိုခင်​တွယ်​တယ်
ကိုယ်​နဲ့ရင်းနှီးချင်​တယ်
စကား​တွေလာ​ပြောတယ်
အကြံ​တွေလာ​တောင်းတယ်
သူသိချင်​တာ​လေး​တွေလာ​မေးတယ်
ကိုယ်​ဟာသူ့အတွက်​ dictionary ကိုဖြစ်​လို့
သူ့အချစ်​​ရေး​တွေလာတိုင်​ပင်​တယ်
ကိုယ်​သိသ​လောက်​​ပြော​ပေးပါတယ်
သူကကိုယ့်​ကိုစာအုပ်​​ကြီးလို့​ခေါ်တယ်
မီးအိမ်​ရှင်​လို့လည်း​ပြောတယ်
အန်​တီလို့လည်းချွဲတယ်
အဘွားလို့​ခေါ်ပြီး​နောက်​တယ်
တစ်​ရက်​​တော့ သူ​ပြောလာတယ်
သူချစ်​တယ်​ အစ်​မတစ်​​ယောက်​လို
ကိုယ်​လက်​ခံပါတယ်​ သူတွယ်​တာ​နေတာကို
သူမ​ပြောရဲဘူးတဲ့
အစ်​မထက်​ပိုချစ်​တယ်​ဆိုတာကို​ပေါ့
ပြောလိုက်​ရင်​သူ့ကိုအထင်​​သေးသွားမှာစိုးသတဲ့
က​လေးငယ်​ငယ်​သူကမ​လေးမစားရာကျမှာစိုးသတဲ့
ချစ်​တယ်​​ပြောချင်​တယ်​ မသိချင်​​ယောင်​​ဆောင်​​ပေးတဲ့
လာ​နောက်​​နေတာလား က​လေး
ကိုယ်​ကဘာမို့လဲ
သူကချစ်​တယ်​ ​ပြောပြန်​တယ်
သူ့ကိုဘယ်​လိုထင်​သလဲ​မေးပြန်​တယ်
ကိုယ်​လည်းပြန်​ရွဲ့လိုက်​တယ်
အခု​ရော မသိချင်​​ယောင်​​ဆောင်​​ပေးရဦးမှာလားလို့
အဲ့ကျမှကိုယ်​​တော်​​ချောက မ​နောက်​ပါနဲ့တဲ့
သြော်​ ရှင်​ကမှ ကိုယ့်​ကို​နောက်​​နေသလိုပါ
မွေး​နေ့လက်​​ဆောင်​အဖြစ်​ သူ့ကိုအ​ဖြေ​ပေးမယ်​​ပြောလိုက်​တယ်
ကိုယ်​လည်းမညာချင်​ ကိုယ်​သူ့ကိုသ​ဘောကျတယ်
ချစ်​သလား​တော့မ​သေချာ
မွေး​နေ့ကပြီးသွားပြီဆိုပဲ
လွန်​​နေ​ပေမဲ့ ​ပေးဖို့​တောင်းတယ်
သူ့အချစ်​ကိုလက်​ခံလိုက်​တယ်
နောက်​များကျမှ ဝန်​ခံပါရ​စေတဲ့
သူ့​မွေး​နေ့က မ​ရောက်ေ​သးပါဘူး
အ​ဖြေမရမှာစိုးလို့ညာလိုက်​တာတဲ့
ကိုယ်​သူ့ကိုမချုပ်​ချယ်​ဘူး
ဒါ​ပေမဲ့ control​​တော့လုပ်​ရမယ်
သူကငယ်​​သေးတယ်
ပညာ​ရေးကြိုးစားရမယ်​​လေ
ညာတာ​တော့ စိတ်​ဆိုး​နေရင်​ပြီးမှာမဟုတ်​ဖူး​လေ
မေ့ထားလိုက်​​တော့တယ်
သူက model ပိုင်းလည်းစိတ်​ဝင်​စားတယ်
သူအခု PRIVATE COLLEAGE တက်​​နေတယ်​​လေ သူစိတ်​ဝင်​စားလို့ဆိုပဲ
အလိုရှိတိုင်းလာ​မေးမယ်
မိဘ​တွေက လိမ္မာတယ်​ချီးကျူးကြမယ်
သူငယ်​ချင်း​တွေက​ပြောတယ်
ဒါအထင်​ကြီးအချစ်​ပါတဲ့
ကိုယ်​က​တော်​တယ်​လို့ယူဆပြီး သူချစ်​တယ်​ဆိုတဲ့သ​ဘော​ပေါ့
ကိုယ်​က​တော့ဘယ်​လိုမှ​ဘောင်​မခတ်​ချင်
သူGame​ဆော့ချင်​သလား ​ဆော့
ဘော်​လုံးပွဲကြည့်​မလား ကြည့်
စာကျက်​မလား ကျက်
အပြင်​သွားမလား သွား
ဒါ​ပေမဲ့ စာချိန်​အိပ်​ချိန်​မှန်​​အောင်​​တော့ ဂရုစိုက်​ဖို့​ပြောလိုက်​တယ်
နေရာတကာ စိတ်​မပူဘူး
မချုပ်​​နှောင်​ဘူး
ဝင်​မပါဘူး
သူလိုအပ်​သလား ကိုယ်​ရှိ​ပေးမယ်
ကိုယ်​တို့တစ်​မြို့တည်းသားချင်းပါ
ဒါ​ပေမဲ့ ပညာ​ရေးအရ တစ်​မြို့စီကွဲ​နေတာ
မ​တွေ့ရပါဘူး
မ​တွေ့ရလို့လည်း ဝမ်းမနည်း​နေဘူး
ဒီအချိန်​ဟာ ကိုယ့်​ဘဝနဲ့ကိုယ်​ပဲ
သူ့ကိုအခုချစ်​​နေပြီလားဆို​တော့ ဟင့်​အင်း
ဒါ​ပေမဲ့ သံ​ယောဇဉ်​​​တော့တွယ်​လာ​နေပြီ
ကိုယ့်​အရင်​ သူ့မှာချစ်​သူရှိဖူးတယ်
ကိုယ်​လည်းထားဖူးတာပဲ
ကိုယ့်​မှာcrush​တောင်​ရှိတယ်
မဖြစ်​နိုင်​မှန်း​သိလို့ ​မေ့ထားတာ
သူ့ဘဝသူ့ဘာသာ​ပျော်​သလို​နေပါ​စေ
သူကိုယ့်​ကို တစ်​ကယ်​ချစ်​မချစ်
အချိန်​ကစကား​ပြောသွားမှာ
အခု​တော့ ချစ်​စမို့ ပစ်​ထားတာလားတို့
ထားမသွားရဘူးတို့ အရမ်းချစ်​တယ်​တို့
သူ့ကိုချစ်​ရင်​ဂရုစိုက်​ပါတို့ အရမ်း​ပြောတယ်
ဒါ​တွေ​သွေး​အေးသွားရင်​လည်း ကိုယ်​လိုက်​မခံစားမိဖို့က အဓိက
အ​နေ​ဝေး​သွေး​အေး​တွေ လက်​မခံဘူး
ကိုယ်​မချစ်​​သေး​ပေမဲ့ သူကကိုယ့်​ချစ်​သူ​လေ
ဘယ်​​တော့မှသစ္စာမ​ဖောက်​ဘူး
နောက်​​ကြောဓားနဲ့မထိုးဘူး
လှောင်​မရယ်​ဘူး မကဲ့ရဲ့ဘူး
ကိုယ်​က သူ့ကိုအ​ကောင်းဆုံးပဲဖြစ်​​စေချင်​တာပါ
ဒါကိုယ့်​အချစ်​လို့သတ်​မှတ်​မလား ရတယ်
နောင်​တစ်​ချိန်​ ကိုယ့်​ထက်​ချစ်​ရသူ​တွေ့မလား
ရတယ်​မစိုးရိမ်​ဘူး ​ပျော်​မယ်​ထင်​ရင်​လုပ်​သာလုပ်
ကိုယ်​က ကိုယ့်​​ကြောင့်​သူတစ်​ပါး စိတ်​မဆင်းရဲချင်​တာပါ
သြော်​ ရှင်​သိသိမသိသိ ကိုယ်​​တော့​ပြောလိုက်​ပြီ
မင်း ခွဲသွားသွားမသွားသွား ကိုယ်​ကစပြီးလမ်းမခွဲပါဘူး
ထွက်​သွားချင်​ရင်​ မင်းပဲအရင်​​ကျောခိုင်းလိုက်​ပါ
မ​တွေ​ဝေမကပ်​တွယ်​ပဲ ​အေး​ဆေးသွားခွင့်​ပြုမယ်

Short Story ( One Shot Collection )Where stories live. Discover now