Ounie ဆိုတဲ့အရမ်းချော အရမ်းလှတဲ့ အထက်တန်းကျောင်းသူလေးဟာ အတော်ကိုရည်းစားရှုပ်သည်။ နာမည်ဆိုးနှင့်ကျော်ကြားသော်လည်း သူ့ကိုအပေါ်ယံကြိုက်တဲ့လူတော်တော်များသည် အစစ်အမှန်တော့နည်းပါးသည်။
Boyaung: Ounie!! ညီမလေးထတော့လေ ကျောင်းနောက်ကျမယ် ( Ounie အခန်းတံခါးကိုခေါက်ခါပြောနေသည်။)
Ounie: De!
Byg: Ounie ကောင်းကောင်းသွားနော် Bye bye!
Ounie: သွားပြီမမ Bye bye!
ကျောင်းအပေါက်ဝနားရောက်သော် သူ့ကျောင်းက ကောင်လေးတွေသာမက တစ်ခြားကျောင်းကကောင်လေးတွေပါ သူလာမှာကိုစောင့်မျှော်နေကြတယ်။
Boys: လှလိုက်တာ!! Ounie! Saranghae!!
Ounie အတွက်ရိုးနေပြီဖြစ်သောကြောင့် ကောင်လေးတွေကိုအဖက်မလုပ်ပဲ ကျောင်းထဲဝင်သွားသည်။
ကျောင်းခန်းထဲရောက်သော် Ounie ရဲ့ရည်းစား Kim Seok Jin ( ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်) ဆီ Ounie အရင်ရောက်သွားသည်။
Ounie: Oppa! မနက်ဖြန်ကျောင်းပိတ်တယ် Date လုပ်ရအောင် 😊
Jin: ဘာလုပ်မှာလဲ အလုပ်ရှုပ်တယ် မနက်ဖြန်ငါမအားဘူး နင့်လဲလိုက်မပို့နိုင်ဘူး ငါ့အမေခိုင်းထားတာတွေရှိသေးတယ် 😑
Ounie ကရည်းစားရှုပ်သော်လည်း သူတကယ်ကြိုက်တဲ့သူက Seok Jin တစ်ယောက်တည်း ပဲဆိုတာလည်း Seok Jin သိတယ် ထို့ကြောင့် Ounie ကိုမကြာခဏ အနိုင်ယူလေ့ရှိသည်။
Ounie: (😔) ရပါတယ် Oppa မအားလဲနောက်တစ်လောက်မှသွားရအောင်နော် ( သူ့နေရာသူပြန်ထိုင်နေသည် )
Someone: Ounie ya! နင်သောက်ဖို့ ငါ banana milk ဝယ်ထားတယ် ရော့! (နို့ဘူးကို Ounie စားပွဲပေါ်ချပေးလိုက်သည် )
Ounie မော့ကြည့်လိုက်တော့ သူမရဲ့အခန်းထဲက စာကြမ်းပိုးလေး မျက်မှန်လေးနဲ့ Kim Namjoon ဖြစ်နေတယ်။
