📓ချစ်ခြင်း ရဲ့ ဒဏ္ဍာရီစေတမန် 📓
အပိုင်း { ၂ }ရှည်လျားလှသည့်....ကျူပင်တွေကြား...ဝတ်ရုံဖြူဝတ်ထားသည့်ကောင်မလေးတယောက် ပြေးလွှားဆော့ကစားနေသည်.....
တယောက်ယောက်ကို ပုန်းနေသကဲ့သို့ပင်....
မကြာမီ....အနက်ရောင် ဝတ်ရုံနှင့် တယောက်ကထိုကောင်မလေး နောက်မှလာကာ....လှမ်းဖက်ထားလိုက်သည်...ထိုသူဝတ်ဆင်ထားပုံကြည့်လျှင် ယောက်ျားလေးတယောက်နှင့်တူလှသည်...
မင်းကို မိပြီ...
ထိုသူကပြောလိုက်သောအခါ....
ဝတ်ရုံဖြူနှင့် ကောင်မလေးက....ထိုသူဘက်သို့ လှည့်လိုက်သည်...အရမ်းလှပလွန်းလှပါတယ်....ခြယ်သထားခြင်းမရှိသည့်တိုင်...နီရဲနေသော...နှုတ်ခမ်း ပါးလေး....ဖြူဖွေးဝင်းမွတ်နေသော အသားအရေနှင့် ပါးမို့မို့လေး....ပြောရလျှင် မြင်မြင်ဖူးသမျှသူများ မယှဉ်နိုင်အောင်...နတ်မိမယ်အလား....လှပလွန်းလှပါသည်....
ဟုတ်တယ်....သူတကယ်သိပ်ကိုလှလွန်းတယ်....နတ်သမီးမယှဉ်နိုင်တဲ့.....အလှကို ပိုင်ဆိုင်ထားတာ ဘယ်သူများပါလဲ....
ငါတို့....ဘယ်တော့မှ မခွဲဘူးနော်....
ထိုလူကပြောလိုက်သည်...
အမြဲမခွဲဘူး...ကျမက ထာဝရရှင့်အပိုင်ပါ...
ကောင်မလေး ပြန်ဖြေသည်...အရမ်းချစ်တယ်...jiyeon na!
ပြောပြီး ထိုသူတို့၏ နှုတ်ခမ်းလွှာနှစ်ခု ထိမိခါနီး....
Tim ti ti ti ti......(alarm ringing...🔔)
နှိုးစက်အသံ နဲ့အတူ သူနိုးထလာခဲ့သည်....
နိုးနိုးချင်း ရေရွတ်မိတာက....jiyeon na!...
နောက်ပြီး ဒီတခေါက်အိပ်မက်က ထူးခြားလွန်းနေတယ်
သူတွေးမိတာက...
သူ့နာမည်က jiyeon တဲ့လား...
အရင်အိပ်မက်မဟုတ်တော့ပါလား...
ငါဝေဝါးမနေတော့ဘူး...ရှင်းရှင်းလင်းလင်း ငါမြင်ရတယ်....ဘယ်လိုတောင်လှရက်နိုင်တဲ့ကောင်မလေးလဲ...နောက်ပြီး သူ့ရဲ့ ချစ်သူက ဘယ်သူလဲ
သူတို့နှယောက်ကို ငါက ဘာလို့မက်ရတာလဲ...နောက်ပြီးထူးခြားသေးတာက သူနိုးနိုးချင်းခံစားနေကျဝေဒနာ ဝမ်းနည်းမှုရဲ့ကြံရာပါဖြစ်တဲ့ ဆို့နင့်နင့် ခံစားမှုတွေ....မရှိတာပါဘဲ...သူလွတ်လပ်ပေါ့ပါး..နေတယ်
![](https://img.wattpad.com/cover/127825285-288-k828924.jpg)
YOU ARE READING
ချစ်ခွင်း ရဲ့ ဒဏ္ဍာရီစေတမန်
Fanfictioneunyeon + taeny (fanfiction) attention plz!😍