📓ချစ်ခြင်းရဲ့ ဒဏ္ဍာရီစေတမန် 📓
အပိုင်း {၃}Yuraတို့ လဲ တံခါးကို တဒုန်းဒုန်း ထုပြီး ရိုက်ဖွင့်နေသည်
Ejအမှန်ဆို ကြောက်ရွံ့နေပါပြီ...ခံနိုင်ရည်အားလဲ ပျောက်ဆုံးနေပြီ....သူယိုင်သွားပြီးစာရေးခုံပေါ် လက်ထောက်ထားသည်....
သူ့တွင်လဲ ခံနိုင်ရည်အားမရှိတော့ မဲမှောင်မှောင်အမြင်ကနေရာယူသွားပြီး လောကကြီးနှင့်ခဏတာ အဆက်ပြတ်သွားတော့သည်.....
စာအုပ်တွေလဲ လက်နှင့်တိုက်မိကာ....ကြမ်းပေါ်ပျံ့ကြဲလျက်....
မကြာမီ...တံခါးပွင့်သွားပြီး yuraတို့ဝင်လာကြသည်
ဟင်.....သူဘယ်ရောက်သွားတာလဲ...အိမ်ထဲဝင်သွားတာသေချာမြင်လိုက်ပါတယ်....
သေချာ မွေနှောက်ရှာပြီးမှ မတွေ့သည့်အဆုံးထွက်သွားကြသည်...
အကယ်၍ စေတမန်စာအုပ်လေး၏ ကျန်ရှိနေသော အလင်းရောင်ဖျဖျလေးအား မြင်ခဲ့သည်ဆိုပါက....မည်သို့ဆက်၍ဖြစ်လာမည်နည်း.....
________ချစ်ခြင်း ရဲ့ ဒဏ္ဍာရီစေတမန် _______
နန်းတော်နှင့်မလှမ်းမကမ်းတောစပ်လေးတွင် မိန်းကလေး ၁ယောက် နှင့် ဦးလေးကြီးတယောက်လမ်းလျှောက်လာသည်...
ဒီတခေါက်တော့ အကြွေးတွေကြေလောက်ပြီနော် အဖေ
အမေ့အတွက်လဲ ဆေးတွေဝယ်လို့ရပြီ...ပြောရင်း မလှမ်းမကမ်းတွင် လဲကျနေသော လူတယောက်အားတွေ့လိုက်ရသည်...
ဟိုမှာလူတယောက်လဲနေတယ်...အဖေ
ဟာ...သွေးတွေ...ဒဏ်ရာတွေနဲ့
နောက်ပြီး ဘယ်နိုင်ငံ ဘယ်တိုင်းပြည်ကလဲမသိဘူး....တခါမှမမြင်ဖူးဘူး....အဝတ်အစားကလဲဆန်းကျယ်လွန်းတယ် သေတော့မသေသေးဘူး အသက်ရှိသေးတယ်....ဟုတ်လား....
ပြောရင်းထိုသူကိုကြည့်လိုက်တော့....
ဒဏ်ရာကြောင့် ဖြူဖျော့ဖျော့ ဖြစ်နေသည့်မျက်နှာ ဖြစ်နေသည်တောင် ချောလွန်းလှသော သူ၏မျက်နှာကပေါ်လွင်လွန်းလှပါသည်....