အပိုင်း ၅

418 36 17
                                    

⚡ချစ်​ခြင်း ရဲ့ ဒဏ္ဍာရီ​စေတမန်​ ⚡

အပိုင်း ၅

ဒီ အဝတ်​စ​တွေရဲ့ အ​ရောင်​က အရမ်းလှတာဘဲ...

ဒါဘယ်​​လောက်​လဲ ဦး​လေး...

မင်းသမီး​လေး...နန်း​တော်​မှာ ဒီထက်​​ကောင်းတာ​တွေရှိရဲ့သားနဲ့ ဘာလုပ်​မလို့လဲ 

Hyo တိုးတိုး​လေး အနားကပ်​​ပြော​တော့

ရပါတယ်​ hyoရယ်​ ငါသ​ဘောကျလို့ပါ...

ပြီး ဟိုဘက်​လှည့်​ကာ ပြုံး​နေပြန်​တယ်​ သူ့အကြံနဲ့သူကိုး...

စိတ်​ကြိုက်​​ရွေးသမီး အ​ရောင်​လဲစုံတယ်​ ​ဈေးလဲသက်​သာတယ်​​နော်​ ...

အဖြူကို အပြာနုနဲ့ စပ်​ထားတာလိုချင်​တယ်

အဲ့အ​ရောင်​က ​စောင့်​ရမယ်​သမီး အထုတ်​အပိုး​တွေရဲ့ ​အောက်​မှာ​ရောက်​​နေလို့...

ရတယ်​ ဦး​လေး ​စောင့်​နိုင်​ပါတယ်​...အဲ့အ​ရောင်​သာ​ပေး...

ရုတ်​တရက်​.....

အား...ဗိုက်​​အောင့်​လာပီ...

ဟမ်​...မမ​လေး ဘာဖြစ်​တာလဲ...

Hyo အလန့်​တကြား​မေးလိုက်​သည်

သူ့ကို နန်း​တော်​ထဲမဟုတ်​ရင်​ သူငယ်​ချင်းလိုဆက်​ဆံဖို့​ပြော​ပေမယ့်​ hyoကမဆက်​ဆံချင်​တာ​ကြောင့်​ မမ​လေးလို့ဘဲ​ခေါ်တာပါ....

အောင့်​လာတယ်​ hyo

ဒါဆို ပြန်​ကျမယ်​​လေ...

ရတယ်​ ဘာမှမဖြစ်​ဘူး...ငါ​အောင့်​တာက​လေ တကယ်​​တော့

တကယ်​​တော့ဘာဖြစ်​တာလဲ မမ​လေး

ဗိုက်​ဆာတာ😁😁😁

ရှင်​!

ဟုတ်​တယ်​ hyo ငါ​စောနက ဟိုနားမှာ ​ပေါက်​စီ​ရောင်း​နေတာ​တွေ့ခဲ့တယ်​ သွားဝယ်​​ပေးပါလား...ငါကဒီမှာ ပိတ်​စ​စောင့်​ရမှာမို့လို့....

မမ​လေးရယ်​ အပြင်​စာ​တွေရ ပါ့မလား ပြန်​ရ​အောင်​ပါ

ရတယ်​ ငါစားချင်​လို့ပါ သွားဝယ်​​ပေး ​နော်​...​နော်​လို့

ချစ်​ခွင်း ရဲ့ ဒဏ္ဍာရီ​စေတမန်​Where stories live. Discover now