အခန်းတံခါးဆွဲဖွင့်သံနဲ့အတူ အခန်းထဲသို့
အနက်ရောင်suitအပြည့်ဝတ်စားထားသည့်
လူတစ်ယောက်အပြေးဝင်လာသည်
တစ်နေရာရာကနေ
အလွန်အမင်းပြေးလာပုံပေါက်ကာ
နဖူးတဝိုက်ချွေးများရစ်သီနေပြီး
ဘာမှမပြောနိုင်သေးပဲ အရင်အမောဖြေနေသည်"ဘာများကူညီပေးရမလဲ?''
ကျွန်တော်မေးလိုက်တော့
သူ့အကြည့်စူးစူးက ကျွန်တော့်ဆီရောက်ရှိလာကာ"ဟို....''
"Papa!''
Wu niniက အခန်းထဲရောက်ရောက်ချင်း
ထိုလူ့ကိုပြေးဖက်လိုက်ပြီး"Papa....''
မျက်နှာငယ်လေးနဲ့ ခေါင်းလေးငုံ့သွားသည်
ထိုလူသည် niniရှေ့
ဒူးတစ်ဖက်ထောက်ထိုင်လိုက်ကာ
niniပါးပြင်လေးကို လက်ဖြင့်ပွတ်ပြီး ပြုံးပြသည်"မကြောက်နဲ့ papaရှိတယ်နော် ''
ထိုသို့ပြောပြီးနောက်
nini ချိုင်းအောက်လက်လျှိုပြီးမချီလိုက်ကာ
ကျွန်တော့်စားပွဲခုံရှေ့ကခုံတွင်ဝင်ထိုင်လေသည်"Wu yifan ssi?''
ကျွန်တော်မသေချာသလိုမေးတော့ သူက
"ဟုတ်ပါတယ် ကျွန်တော် Wu yifanပါ
ခုနက ဖုန်းဆက်တဲ့ သမီးရဲ့အတန်းပိုင်ဆိုတာ
ဆရာလား?''ကျွန်တော်ခေါင်းငြိမ့်ပြလိုက်ပြီး
ထိုလူကိုအကဲခတ်နေလိုက်သည်အရပ်က 6ပေကျော်လောက်ရှိမယ်
ဖြူညက်တဲ့အသားအရောင်ရှိပြီး
ခန္ဓာကိုယ်ကမပိန်မဝ အနေတော်ပဲ
ထူပြီးနက်နေသော Gelဖိထားတဲ့ ဆံပင်တွေနဲ့
ထိုလူ့ရုပ်ရည်ကလိုက်ဖက်တယ်လို့ထင်တယ်
အဓိကကတော့ ထိုလူရဲ့နှစ်လိုဖွယ် မျက်လုံးတွေပဲ
မျက်လုံးလေးတွေကကြည်တောက်ပြီး
နှစ်လိုဖွယ်ရှိတယ်
ထူထဲတဲ့မျက်ခုံးတစ်စုံနဲ့
ထိုမျက်လုံးလှလှလေးများက ပနံသင့်တယ်လို့
သူထင်မိတယ် ဖြောင့်စင်းတဲ့နှာတံတစ်လျှောက်
အနားသပ်လှပတဲ့နှုတ်ခမ်းဖူးဖူးလေးတွေ
Vမကျတကျခန့်ညားတဲ့မေးရိုးနဲ့အတူ
ဝတ်ထားတဲ့ Suitအနက်ရောင်နဲ့လည်း
လိုက်ဖက်လွန်းလှတယ်
တစ်ခွန်းထဲပြောရမယ်ဆိုရင်တော့
မိန်းကလေးတွေညွတ်ကျလောက်အောင်အထိ
ချောတယ်ပေါ့ ဝန်ထမ်းကဒ်အရ
companyတစ်ခုခုမှာ အလုပ်လုပ်ပုံပေါ်တယ် (companyနာမည်ကတော့
niniတက်ထိုင်ထားလို့မမြင်ရဘူး)
ဝန်ထမ်းကဒ်တောင်မဖြုတ်နိုင်ပဲ
သမီးဇောနဲ့ပြေးလာရတဲ့ပုံပါပဲ
YOU ARE READING
The Second
FanfictionKris 💙 Yeol wish for Phway Thant Khin 🎂 Cover photo by MayMie_Phway ✌