💙nini၏သဘောတူညီချက်

1.8K 221 13
                                    

မနက်ခင်းရဲ့ နေရောင်ခြည်နဲ့အပြိုင်
အိမ်လေးထဲမှာ ဆူညံသံလေးတွေနဲ့
လှပစွာအသက်ဝင်နေတယ်

Chanyeolကတော့ ထမင်းစားခန်းထဲမှာ
မနက်စာအတွက်ပြင်ဆင်နေတယ်

ရေမချိုးချင်ဘူးဆိုတဲ့ niniကတော့
အိမ်တွင်းပတ်ပြေးနေပြန်တယ်

Wu yifanကတော့ niniကို
အော်ခေါ်ရင်း လိုက်ဖမ်းရင်း
Chanyeolနဲ့အကြည့်ချင်းဆုံမိရင်လည်း
ပြုံးပြုံးကြီးစိုက်ကြည့်နေသေးတယ်

Chanyeol ဒီအိမ်မှာနေလာတဲ့ 15ရက်အတွင်း
အဆင်မပြေတာမရှိပဲ ဒီသားအဖနှစ်ယောက်က
သူ့ကို ပျော်ရွှင်မှုတွေပေးစွမ်းနိုင်တယ်

"Nini papaမောပြီကွာ မဆော့နဲ့တော့ ရေချိုးမယ် ''

Nini က လျှာထုတ်ပြပြီး ဆက်ပြေးနေတယ်

Niniက Chanyeolနားရောက်တော့ ရပ်လိုက်ပြီး

"ကိုကို Chanyeol ရေချိုးပေး! "

"ဟမ်? ကိုကို ချိုးပေးရမယ်? "

"အင်း ''

"Nini papaချိုးပေးမယ်လေ
ကိုကိုက မလုပ်တတ်ပါဘူး ''

"မရဘူး ကိုကိုChanyeolပဲ
လာ.....လာ..... ကိုကို.... လာ.... ''

Niniက Chanyeolကို အတင်းဆွဲခေါ်သွားတယ်

Chanyeolကတော့ Wu yifanကို
လှည့်ကြည့်လှည့်ကြည့်နဲ့
niniခေါ်ရာနောက်လိုက်သွားရတော့တယ်

Wu yifanတို့အိမ်တွင် ရေချိုးခန်းနှစ်ခုရှိသည်
ပထမတစ်ခုက Wu yifanအခန်းထဲမှာ
နောက်တစ်ခုက niniအခန်းဘေးမှာ

Niniက ရေချိုးခန်းရှေ့အထိ သူ့ကိုဆွဲခေါ်လာပြီး

"ဒီမှာစောင့်နေ ''

"စောင့် စောင့်နေရမယ်? "

"အင်းလေ.... ဘာလဲ အထဲကိုလိုက်ခဲ့မလို့လား? "

"မလိုက်ပါဘူး... ''

မအူမလည်နဲ့ ပြန်ဖြေနေတဲ့
ကိုကိုChanyeolပုံစံလေးက
အရမ်းချစ်ဖို့ကောင်းတယ်

အစက papaနဲ့ နီးနီးကပ်ကပ်ရှိနေပြီး
သူ့အချိန်တွေကို ခိုးသွားတယ်လို့ ခံစားရတာကြောင့်
ကိုကို Chanyeolကို အမြင်ကတ်မိတယ်
တစ်နည်းမဟုတ် တစ်နည်း
ကလေးဉာဏ်လေးနဲ့
ကိုကိုChanyeolထိခိုက်အောင်လုပ်မိတယ်
နည်းမျိုးစုံနဲ့ပေါ့

The SecondUnde poveștirile trăiesc. Descoperă acum