💙ရင်းနှီးကျွမ်းဝင်ခြင်း

1.8K 213 10
                                    

"မသွားဘူး!......မသွားချင်ဘူး!!!''

ခြံထဲကထွက်ထွက်ချင်း
ကြားနေရသောအသံကြောင့် ကြည့်လိုက်တော့ niniက Wu yifanလက်ကို
ခြေကန်ပြီးဆွဲထားလေသည်

"Nini မဆိုးနဲ့ကွာ papa အလုပ်နောက်ကျတော့မယ် ''

"မသွားချင်ဘူးလို့ ပြောနေတယ်....
ဒီနေ့ နေမကောင်းဘူး ကျောင်းမသွားချင်ဘူး!! "

"မလိမ်နဲ့ကွာ papaက လိမ်တာမကြိုက်ဘူးနော်
နေကောင်းလို့
အခုလိုpapaလက်ထဲကနေရုန်းနိုင်နေတာပေါ့
niniမဆိုးနဲ့ကွာ......
လာ ကျောင်းသွားမယ် papa နောက်ကျနေပြီ ''

"မသွားချင်ပါဘူးဆို အဟင့်.....
မသွားဘူးလို့ပြောနေတာကို ''

Nini အဆွဲခံထားရသည့် သူ့လက်ကို
အတင်းရုန်းကာ ငိုတော့သည်

Wu yifan စိတ်အိုက်သွားပုံပေါ်သည်

ကျွန်တော့်ကိုမြင်တော့ အားနာတဲ့ပုံစံဖြင့်

"အရင်က အဲ့လိုမဟုတ်ပါဘူး ဆရာရယ် ဒီနေ့မှ
ဘာလို့ ကျောင်းမသွားဘူး ဆိုပြီး
အော်နေမှန်းမသိဘူး ''

Niniက ထိုင်နေရာကနေ
ကျွန်တော့်ကိုမော့ကြည့်ကာ ငိုနေပြန်သည်
သူကျောင်းမသွားချင်ဘူး ဆိုတဲ့အကြည့်နဲ့ပေါ့

"Niniလေးရယ် မဆိုးနဲ့နော်....
ကျောင်းသွားရအောင် papa အစည်းအဝေးရှိတယ်
နောက်ကျတော့မှာပဲ ''

"မသွားဘူး!''

"ကလေးကို ကျွန်တော်ရအောင်
ခေါ်သွားလိုက်မယ်
Wu yifanအလုပ်ကိုသွားလိုက်ပါ ''

နာရီတကြည့်ကြည့်ဖြင့် gelဖိထားတဲ့
ဆံပင်တွေကို သပ်ကာ
သူ့သမီးကို တောင်းပန်တိုးလျှိုး အကြည့်ဖြင့်
ကြည့်နေသော ထိုလူကို ကျွန်တော်သနားလာသည်

ကျွန်တော့်စကားကြောင့် သူကအားနာသွားပုံဖြင့်

"အလုပ်ရှုပ်မိစေပြန်ပြီ ''

"ရပါတယ် သူ့အတန်းပိုင်ပဲဟာ
ဒီလမ်း ဒီကျောင်း ဒီအတန်းကိုပဲ သွားမှာပဲဟာကို niniပါလာလို့လည်း အလုပ်မရှုပ်ပါဘူး
ခင်ဗျားအလုပ်ကိုသာ စိတ်ချပြီးသွားပါ
ကလေးကိုရအောင် ခေါ်သွားပါ့မယ် ''

The SecondDonde viven las historias. Descúbrelo ahora