💙ချိုမြိန်ခြင်း

2.6K 259 29
                                    

9နှစ်ကြာပြီးနောက်..............

မနက်ခင်းနေရောင်ခြည်က မပွင့်တပွင့်ဖြစ်နေတဲ့
လိုက်ကာကြားထဲကနေ တိုးဝှေ့ဝင်ရောက်လာတယ်

King bed size အိပ်ယာကြီးရဲ့အလယ်မှာ
အပြင်လေဝင်တိုးလို့မရလောက်တဲ့အထိ ပူးကပ်ပြီး
တစ်ယောက်နဲ့တစ်ယောက် တင်းကျပ်စွာ
ဖက်ထားကာ အိပ်မောကျနေတဲ့ လူနှစ်ယောက်ရှိတယ်

ထိုအချိန် ဆူညံလှသော alarmသံကြီးက
အိပ်မောကျနေသူ နှစ်ယောက်လုံး လန့်ထိတ်ပြီး
နိုးလာလောက်တဲ့အထိ ကျယ်လောင်လွန်းလှတယ်

Chanyeol စိတ်ပျက်လက်ပျက်နဲ့
Wu yifanရင်ခွင်ထဲကနေ ထွက်ပြီး
ထပိတ်လိုက်တယ်

"အွန်း....... ''

Wu yifanလည်း ဟိုလှိမ့်ဒီလှိမ့်လုပ်ကာ
ပြန်အိပ်နေတယ် Chanyeol အိပ်ယာဘေးကျနေတဲ့
အဝတ်အစားတွေကို ကောက်ဝတ်လိုက်ပြီး
နောက်တစ်ခေါက် စောင်ထဲဝင်ကာ
Wu yifanရင်ခွင်ထဲ ပြန်ဝင်နေလိုက်တယ်

"ဘာလို့ အလုပ်ပိတ်ရက်ကြီးကို
Alarmကြီးပေးထားတာလဲ? "

Wu yifanအသံထဲမှာ အနှောက်ယှက်ခံရမှုကြောင့်
စိတ်တိုနေတဲ့ အရိပ်အငွေ့တွေပါတယ်

"ပိတ်ဖို့မေ့သွားလို့ ''

Wu yifan Chanyeolရဲ့နဖူးပြင်ကိုနမ်းလိုက်ပြီး
တင်းကျပ်နေအောင်ဖက်ထားတယ်
ပြီးတော့ကျောပြင်လေးကို ပွတ်သပ်နေတယ်

ပြီးတော့နှုတ်ခမ်းဖြင့် နဖူးကနေ မျက်ခွံ နှာတံ
ပါးကနေတစ်ဆင့် နှုတ်ခမ်းလေးကို
ဖွဖွလေးထိကပ်လိုက်တယ် ပြန်ခွာတယ်
ပြန်ထိတယ် ပြန်ခွာတယ် ပြန်ထိတယ် ပြန်ခွာတယ်

အစကတော့ Chanyeolငြိမ်နေတယ်
အိပ်ချင်လွန်းလို့မပြောသေးဘူး
ခွာလိုက်ထိလိုက်လုပ်နေတာ
အကြိမ်ရေများလာတော့ ရင်တွေခုန်လာပြီး
အိပ်မရတော့ဘူး နမ်းရင်လည်းနမ်းလိုက်တာမဟုတ်ပဲ
တမင်စနေတာ သူသိတယ်

"Hyung! အိပ်ချင်တယ် ငြိမ်ငြိမ်နေ ''

Chanyeol မျက်လုံးဖွင့်ပြီးအော်လိုက်တော့
Wu yifan ငြိမ်သွားတယ်

ဒါပေမဲ့မကြာဘူး ခဏနေတော့
အဲ့အတိုင်းဆက်လုပ်နေတယ်

Chanyeolလည်း မနိုင်လို့မပြောတော့ဘူး
niniလေးမရှိတော့မှ သူကပိုကဲလာတယ်
အိမ်မှာ 2ယောက်ထဲရှိတယ်ဆိုပြီး
အမူအရာက မဆင်ခြင်ဘူး
သမီးက နောက်တစ်ပတ်လောက်ဆို
Americaကနေ ပြန်ရောက်တော့မယ်
သူကတော့ ကလေးဆန်နေတုန်းပဲ

Has llegado al final de las partes publicadas.

⏰ Última actualización: Dec 26, 2017 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

The SecondDonde viven las historias. Descúbrelo ahora