" ဟင်... အုပ်ကြီး...!!! "
ကျောင်းဝင်းတံခါးကို လက်ထောက်ထားရင်း
မီးဝင်းဝင်းတောက်မျက်ဝန်းများနှင့် ကြည့်နေပါသော
ကျောင်းအုပ်ကြီးကို တွေ့လိုက်ရလေသည်... ... ...။" မတွေ့ရတာတောင်ကြာပေါ့ အုပ်ကြီး...ဟီး... "
ရွှေပျောက်သလို အသံပျောက်သလို အူကြောင်ကြောင်
အထာနှင့် Chen သွားလေးဖြီးရင်း မျက်နှာချိုသွေး
မိသည်။ သို့တိုင်အောင်... ကျောင်းအုပ်မျက်ဝန်းများက
ပြေလျော့မသွား။ အဲ့တော့ကာ ဆယ့်နှစ်ယောက်စလုံး
စဉ်းစားကြည့်ကြပြန်တာပေါ့...ဘာတွေများမှားခဲ့ပြန်ပြီ
လဲလို့...၊ စောနကကဲ့သို့ပင် အဖြေကထွက်မလာ၊
စိတ်ကူးထဲတင်သာ ကျောင်းအုပ်ကြီးကို ဘယ်လိုမွှေ
မယ် ဘယ်လိုမွှေမယ်စဉ်းစားရသေးတာ၊ အပြင်လက်
တွေ့မှာတော့ အကောင်အထည်မဖော်ရသေး...။" ကျွန်တော်တို့ ဘာများမှားမိသလဲဟင် "
မထူးတော့သည့်အဆုံး Luhan အရဲစွန့်၍မေးလိုက်
မိသည်။ သို့သော်...အနားက Krisလက်ကိုတော့ အတင်းဆွဲလျက်သားနှင့်... ... ...။" ဘာမှားတာလဲဆိုတာထက် မင်းတို့ကအခုဒီမှာ
ဘာလုပ်နေကြတာလဲ "" အိပ်နေတာ... "
အချိန်ကောင်းအကိုက်ကောင်းမှ ဖြေချင်စိတ်ထက်သန်
နေသောLayကို သူတို့အားလုံးစိတ်ထဲမှ ကျိန်ဆဲ
လိုက်ကြသည်...။ ဘယ်သူက အတင်းဖြေခိုင်းတာကျ
လို့ အမှန်တရားတွေဖြေနေရသည်မသိ... ><" ဘာပြောလိုက်တယ်...အိပ်နေတာဟုတ်လား
ဒီအချိန်က အိပ်ချိန်မို့လို့လား! "" ကျွန်တော့်အတွက်တော့ နာရီတိုင်းကအိပ်ချိန်ပဲ "
အိပ်ချိန်နှင့်ပတ်သက်လျှင် ဆတ်ဆတ်ထိမခံနိုင်သော
Layက မနက်ကတည်းက ဂျင်ကလည်တွေသူ့ကို
အစောကြီးနှိုးသည့်အတွက် ဖြစ်ပေါ်နေသောမကျေနပ်
စိတ်တွေကို ကျောင်းအုပ်ကြီးအပေါ်ပုံချရင်း...
ဘုကလန့်အကုန်ပြောနေသည်။