"ဘာ...ဘာတွေဖြစ်လာကြတာလဲကွာ..."
Suhoရဲ့ စိတ်ပူသံရောစွက်နေတယ့်အမေး
အဆုံးမှာ...Sehun က သက်ပြင်းချပြလာသည်။
သို့ပေမယ့်.ဟန်ဆောင်ပန်ဆောင်ချပြတဲ့
သက်ပြင်းဖြစ်တဲ့အပြင် စကားကလဲသိပ်မပီ
တော့...ဟူးခနဲမြည်ရမယ့်အစား မြည်သွားတာ က ရှူးခနဲ....၊
အဲ့တော့ သူ့နံဘေးမှာ စိတ်ပျက်လက်ပျက်ဖြစ်
နေတဲ့ပုံပေါ်တဲ့ Luhanက...စိတ်ပေါက်လာ
သည်ထင်...၊ မပြောမဆို Oh Sehun နှုတ်ခမ်း
ကို လက်နဲ့ဆွဲညစ်သည်...။တအအနဲ့ အော်ရင်း...Sehun တို့ ရုန်းနေပေ
မယ့်...ပိုးဟပ်ဖြူတို့လက်က မြဲမှမြဲ...၊
နှစ်ယောက်သားဖြစ်ပျက်နေတာကို ...စောနက
ဝေလငါးသေလို့ဝင်စားထားတဲ့ Chenchen က
ဝမ်းသာအားရ လက်ခုပ်လက်ဝါးထတီးလာ
သည်...။အာကျယ်သလို လက်ခုပ်တီးတာလည်းကျယ်
သော Chen လက်ခုပ်တီးသံရယ်...၊
ဟိုနှစ်ယောက်သတ်နေသော အသံရယ်...
အောက်ထပ်က ဧည့်ခန်းလေးမှာ ဆူညံစွာ
ပွက်လောရိုက်နေတော့...
ဆူညံသံများကြောင့်ထင်...အပေါ်ထပ်ကနေ
Krisကြီး ဆင်းလာ၏...။
အိပ်မှုန်စုံမွှားနဲ့ Kris ပုံစံကြောင့်.Suho
အနည်းငယ်တော့ အံ့အားသင့်သွားမိသည်...။အရင်ကဆို ဒီလိုအချိန်ဆို...တိုက်ကြက်ကြီး
တစ်ကောင်လို ခေါင်းတမော့မော့...
ရင်တကော့ကော့နှင့်...အိမ်လေးထဲ တောင်
လျှောက်မြောက်လျှောက် လျှောက်နေတတ်သူ
က...အခုလို အိပ်ချင်မူးတူးပုံစံပေါက်နေတော့..
Suho အံ့အားသင့်တာလည်း လွန်မည်မထင်။"ဟေးကောင်တွေ....ဘာဖြစ်နေကြတာတုန်း!!"
လှေကားထိပ်ကနေ အော်မေးလိုက်တဲ့...
Kris အသံကြောင့်...ရန်ဖြစ်နေတဲ့ 2ယောက်
ရော...ပိုက်ဆံရမတတ် လက်ခုပ်လက်ဝါးထတီး
နေတဲ့သူရော ငြိမ်ကျသွားကြသည်...။
ဒါတောင်...Chen က...သံယောဇဉ်အမျှင်မပြတ်
သလို...လက်ခုပ်တီးသံလေး တဖတ်ဖတ်ကို
တစ်ချက်နှစ်ချက် လိုက်တီးနေသေးတာ...။