" ဟေး...ဒီနေ့ ငါတို့ကလေးတွေရဲ့ မွေးနေ့ပဲ... "
လုပ်စရာမရှိ ရှာကြံပြီး ပြက္ခဒိန်ကို အဝတ်တစ်ခုဖြင့်
သုတ်နေသော Baekhyunစကားကြောင့်
အကုန်လုံး ခေါင်းတွေမော့ကုန်ကြသည်...။" hyung hyung...အဲ့တာဆို ကျွန်တော်တို့
ဟန်မြစ်မှာ ဝှူးရွှီးဘန်း သွားလွှတ်ရအောင်...
သူတို့လေးတွေ မြင်လိုမြင်ငြား... "စကားကိုအတည်ပြောပါလို့ Baekhyun တို့
တောင်းဆိုပြီိးကတည်းက Oh Seတို့ နာခံစိတ်နဲ့
ကဘောက်ကချာတွေပဲ တောက်လျှောက်ပြောနေတော့
တာ...။" အေး...ဟုတ်တယ်...လူကောင်းအခေါ် မီးရှူးပန်း... မင်းအခေါ်တော့ ဝှူးရွှီးဘန်းသွားလွှတ်ကြတာပေါ့... "
ဘယ်ရမလဲ...Baekhyunကလည်း Baekhyunပီပီ စကားကြောအနိုင်မခံ...။
အကုန်လုံး ရင်ထဲက ကြည်နူးစိတ်တွေကို နှုတ်ခမ်း
ထက်မှာ အပြုံးတစ်ခုအဖြစ် ပုံဖော်မိလိုက်ကြပါရဲ့...။~•~•~•~•~•~•~ Ls ~•~•~•~•~•~•
ညရောက်တော့ ဟန်မြစ်ဘက်ကို ရောက်လာကြ
သည်...။" ဟေးဟေး...ဟိုတစ်ယောက်က ဟိုဘက်ရပ်ကွက်က
ဟိုအိမ်က မိန်းမကြီးရဲ့ သားဟိုတစ်ယောက်မလား "တိကျစွာညွှန်းဆိုလာသော စကားကို ကျန်တဲ့သူတွေက
လည်း ဟုတ်တာပေါ့...မှန်တာပေါ့တွေ ထောက်ခံကုန်
ကြတာ...။
ကမ္ဘာကြီးပြိုကွဲသွားတောင် မင်းကိုကာကွယ်နေဦးမှာလို့ ချစ်သူကောင်မလေးကို ကတိတွေ အထပ်ထပ်ပေးနေ
တယ့် ဟိုရပ်ကွက်ကဟိုကောင်လေးဆို...သူတို့ကို
လည်းမြင်ရော...သူ့ကောင်မလေးသူထားပြေးတာ
တန်းနေတာပဲ...၊ အေးလေနော့...သူပြောတာ ကမ္ဘာပြို
တာ...ဒါက ဂျင်ကလည်တွေ...သူ့အမှားမှမဟုတ်တာ။
ကောင်မလေးကတော့ ဂျင်ကလည်တွေကို ကျေးဇူး
တွေတင်...လက်တွေလာဆွဲနှုတ်ဆက်နေတာ...သူမကို
ဒီလိုလူလိမ်လက်ထဲက ကယ်တင်ပေးလို့ဆိုလား။
ဘာမှန်းရေရေရာရာမသိပေမယ့်...ဂျင်ကလည်တွေ
ခေါင်းကို မော့ချီထားတာပေါ့...သူတို့ကို အားကိုးအား
ထားပြုကြတာ ဒါ ပထမဆုံးမှမဟုတ်တာ...။