part 1

1.8K 69 8
                                    

ကျမ luckyဆိုတဲ့ကျောင်းက​နေ
Xo xoဆိုတဲ့ အထက်​တန်း ​ကျောင်း ကို​ပြောင်းလာတဲ့ ​ကျောင်းသူသစ်​ပါ

ကျမတခါမှမ​ရောက်​ဖူးတဲ့​ကျောင်းကအဲ့​လောက်​ပြည့်​စုံ​နေလိမ့်​မယ်​လို့ကျမ မထင်​ခဲ့မိဘူး

ကျောင်းဝင်​တဲ့လမ်းတ​လျှောက်​လုံး ချယ်​ရီပန်း​ပင်​​တွေ အတန်းလိုက်​ လှပစွာ စိုက်​ထားတယ်
ကျောင်း​ဆောင်​ကလဲ နည်းတာကြိးမဟုတ်
အ​တော်​ကိုကြိးလွန်းသည်
ကျောင်းသား​ကျောင်းသူ​တွေကလဲ အကုန်​လုံး သူ့ထက်​ငါ အ​ချော​တွေ အလှ​တွေချည်းပင်
ကျမတက်​ခဲ့တဲ့ lucky ​ကျောင်းနဲ့ဆို တခြားစီ

ကျမနာမည်​က Do kyungsoo ပါ
ကျမအ​ဖေက do companyပိုင်​ရှင်​ krisပါ
အ​မေက do hospital ပိုင်​ရှင်​ Taoပါ
အ​ဖေကလဲရှည်​ အ​မေကလဲရှည်​​နေ​တော့ ကျမက ပုသွားတာ​ပေါ့

Luckyဆိုတာ xo xo ​ကျောင်းနဲ့ယှဉ်​ရင်​​တော့ လုံးဝ​အ​သေးစား​လေးပါ
ဒါ​ပေမဲ့ ကျမငယ်​ သူငယ်​ချင်း​တွေက အဲ့​ကျောင်းမှာတက်​​တော့ ကျမလဲအ​ဖေ့ကိုပူဆာကာ lucky​ကျောင်းမှာပဲ ​ပေကပ်​​နေခဲ့တယ်

ကျမသူငယ်​ချင်း​တွေက ဆင်းရဲ​ပေမဲ့ သ​ဘော​လေး​တွေက ​ကောင်းကြပါတယ်​ ကျမနဲ့စိတ်​တူကိုယ်​တူ​တွေပါပဲ ကျမလိုအပ်​တာ​တွေရှိရင်​ သူတို့ကူညီတယ်​ သူတို့လိုအပ်​ရင်​ ကျမကူညီတယ်​ ကျမတို့ကြားမှာ လျှို့ဝှက်​ချက်​ဆိုတာမရှိပါဘူး

သူငယ်​ချင်း​တွေထဲမှာကျမအချစ်​ဆုံးက​တော့
Luluနဲ့ chenပါ
Luluက​တော့ ဆင်းရဲ​ပေမဲ့ ကြိုးစားတယ်​ သူ့စိတ်​ရင်း​လေးကလဲ အရမ်း​ကောင်းပါတယ်
Luluကအဘွားနဲ့​နေတာ​လေ သူ့မိဘ​တွေက ဆုံးသွားပီ
Chenက​တော့ သူ့အ​​မေဖွင့်​ထားတဲ့ ​ခေါက်​ဆွဲဆိုင်​မှာ အ​မေကိုကူရင်း ​ကျောင်းတက်​တယ်
သူ့အ​ဖေက ​နောက်​အိမ်​​ထောင်​ပြုသွား​တော့ သူနဲ့ သူ့အ​မေနဲ့ပဲ ​နေတယ်

ကျမအ​ဖေရဲ့အမိန့်​​ကြောင့်​ ကျမအခု​တော့ xo xo ဆိုတဲ့ အထက်​တန်း​ကျောင်းကို ​ပြောင်းလာခဲ့ရတာပါ
Luluနဲ့ chenက​တော့ အရင်​ ​ကျောင်းမှာပဲ ကျန်​​နေခဲ့တယ်
ကျမလဲ အဲ့​ကျောင်းမှာဆက်​​နေချင်​​ပေမဲ့ ကျမ​အ​ဖေရဲ့ အမိန့်​ကိုမလွန်​ဆန်​နိုင်​​တော့ ​ပြောင်းလာခဲ့ရတာ​ပေါ့

SteelWhere stories live. Discover now