part 15

496 66 19
                                    

ပူပြင်းလှတဲ့ ​နေ​ရောင်​​အောက်​တွင်​ မ​မောမပန်းလုပ်​အား​ပေး​နေ​သော ကျမတို့ ​ဆေး​ကျောင်းသားတစ်​စု

"ဟူး ပူလိုက်​တာ "လို့ ​ပြောရင်း သစ်​ပင်​​အောက်​က ဖျာခင်းထား​သော ကုတင်​​ပေါ်တက်​ထိုင်​ပစ်​သည်

"​ရော့ soo ​သောက်​​လေ"ဟု ​ဖျော်​ရည်​ဘူးကို လှမ်း​ပေးလာ​သော ​နေ​ရောင်​​အောက်​မှ အဖြူ​ရောင်​ ဂျူတီကုတ်​ဖြင့်​ စမတ်​ကျ​နေ​သော kai

ကျမkai​ပေးတဲ့​ဖျော်​ရည်​ကို​သောက်​ရင်း က​လေး​တွေကို မုန့်​​ဝေ​ပေး​နေတဲ့ kaiကို အချိန်​အတန်​ကြာ ကြည့်​မိသည်

Kaiက uniတွင်​ နာမည်​ကြီးသည်​ စာလဲ​တော်​ပြီး ရုပ်​ရည်​ကလဲ ဆွဲ​ဆောင်​မှုရှိ​နေ​တော့ မိန်းက​လေး​တွေကြား ​ရေပန်းစားသည်
တစ်​ခါတစ်​ရံပင်​ kaiနဲ့ ​အောင်​သွယ်​လုပ်​​ပေးရန်​ ကျမကို​တောင်းဆိုတတ်​ကြ​သေးသည်
ကျမလဲသူ့နဲ့​ပေါင်း​တော့ နာမည်​ရ​နေသည်
အခုမှ​သေချာကြည့်​မိသည်
Kai၏ ဖြူစင်​​သော အပြုံးများသည်​ ကျမရင်​ကို လှုပ်​ခတ်​နိုင်​စွမ်းမရှိ​သော်​လည်း ကျမနှုတ်​ခမ်း​တွေကို​တော့ ပြုံး​စေသည်
ကျမသိသည်​ kaiကျမကို ကြိုက်​​နေမှန်း
မိတူးတို့လဲ သိ​နေပါတယ်​ kaiက ကျမအ​ပေါ်ကို လိုတာထက်​ပိုပြီး ဂရုစိုက်​​နေ​ကြောင်း
ကျမဆုံးဖြတ်​ထားပြီးပါပြီ kaiသာ ကျမကို ဖွင့်​​ပြောလျှင်​ ကျမလက်​ခံဖို့​ပေါ့
ဟုတ်​ပါတယ်​ ကျမkaiကို လက်​ခံသင့်​ပါပြီ

"မိsoo​ရေ ပင်​ပန်းတာ"ဟု​ပြောရင်း ကျမ​ပေါင်​​ပေါ် ​ခေါင်းလာအုန်း​သော မိတူးမ

"မိတူး ဖယ်​ပါဟာ နင့်​ကိုယ်​လုံးကြီးနဲ့ ပူတယ်​ဟ"

"ဟာ ငါနင့်​​လောက်​မဝပါဘူး​အေ ☹'

'ဟား ဟား ဟာသ​တွေ လမ်းကဖြတ်​သွားတဲ့ ​ခွေးကို​မေး​တောင်​ ဘယ်​သူပိုဝလဲ သိတယ်​ '

'မိsoo 😒😒'

'ဟဲ့ အတူး ငါအ​နောက်​ခနသွားချင်​တယ်​ လိုက်​ခဲ့'

'ဟာ မသွားဘူး ပူတယ်​ နင်​ပဲသွား'

အဲ့လိုသူငယ်​ချင်းအ​ပေါ်ချစိပုံ😁😁

SteelWhere stories live. Discover now