Ep-2

2.4K 178 12
                                    

(Zawgyi)

Jongin's point of view:

နံနက်​ခင်းရဲ့အ​အေးဓာတ်​ကား ​ကြောက်​ဖို့​ကောင်းလှသည်​..။ ​တောင်​ကိုရီးယားနိုင်​ငံ၏ ​ဆောင်းရာသီ ပင်​..။

အခန်းရဲ့heater ကို ဂိတ်​​ဆုံးလုနီးပါးတင်​ထား​ပေမယ့်​ အ​အေးဓာတ်​ကား ရှိ​နေဆဲပင်​...။

ရင်​ခွင်​ထဲက ငယ်​​လေးရဲ့မျက်​နှာကို တစ်​ချက်​ငုံ့ကြည့်​ရင်း နဖူး​လေးကိုတစ်​ချက်​နမ်းလိုက်​သည်​...။ ​မျက်​လုံး​လေး​တွေပွင့်​လာပြီး...

"ကိုကို...Morning"

"Morning ငယ်​"

ငယ်​နှင့်​ ကျွန်​​တော်​၏​တွေ့ဆုံမှုကား သိပ်​​တော့မဆန်းကြယ်​...။ ကျွန်​​တော့်​အကို Kim Jongdaeရဲ့ ​စေ့စပ်​​ပေးမှုဖြင့်​​တွေ့ခဲ့ခြင်းသာ...။ ထိုကိစ္စတွင်​ လျှို့ဝှက်​မှုတစ်​ခုပါရှိ​နေမှန်း ငယ်​​လေး ​ပြောမှသိရသည်​..။ ဤသည်​ကား ကျွန်​​တော်​၏အကိုသည်​ ငယ်​ရဲ့ အကိုXiumin hyungကိုကြိုက်​​နေ​သော​ကြောင့်​ပင်​...။

"ကိုကို! ငယ်​​ပြော​နေရတာ ​သေ​တော့မယ်​"

အသံ​လေးကခပ်​စူးစူးထွက်​လာသည်​...။

"Umm? ကိုကိုအ​တွေးထဲ​မျော​နေတာ sorry ငယ်​ ဘာ​ပြောလိုက်​တာလဲ?"

ငယ်သည်​ အိပ်​​နေရာမှချက်​ချင်းထထိုင်​ရင်း ကျွန်​​တော့်​ဗိုက်​ကိုလိမ်​ဆွဲကာ...

"​ပြော!! အ​တွေးထဲမှာ ဘယ်​​ကောင်​မကရှိ​နေလို့ ငယ်​​ပြော​နေတာ​တောင်​မကြားနိုင်​ရတာလဲ? ဟမ်​?"

အသံစူးစူး​လေးနှင့်​​အော်​​နေပုံက တကယ့်​က​လေးပမာ...။ မျက်​​စောင်းခပ်​​သေး​သေး​​လေးတစ်​ခု ဒိုင်းကနဲ ကျလာသည်​..။

"Haha...မဟုတ်​ပါဘူး ဘယ်​​သူ့အ​ကြောင်းမှမ​တွေးပါဘူးကွာ..ငယ်​နဲ့​တွေ့ခဲ့တဲ့အ​ကြောင်းကိုပြန်​စဉ်းစား​နေတာ"

"အဘိုးကြီး!! ကလိမ်​ကကျစ်​မကျနဲ့​နော်​..တစ်​ခါတည်းဗိုက်​​ခေါက်​​တွေပြတ်​ထွက်​သွား​အောင်​လိမ်​ဆွဲပစ်​လိုက်​မယ်​"

အံကြိတ်​ပြီး​ပြော​နေပုံက ချစ်​စရာ​​ကောင်းတာထက်​ကိုပို​နေတာပါ...။

ငယ် (Z+U) Where stories live. Discover now