Ep-3

1.8K 151 12
                                    

(Zawgyi)

Jongin's point of view:

ကျွန်​​တော်​အခုအလုပ်​ရှုပ်​​နေပါတယ်​...ဘာလို့လည်းဆို ဒီ​နေ့က ကျွန်​​တော်​နဲ့ငယ်​ လက်​ထပ်​တာ1နှစ်​ပြည့်​တဲ့​နေ့​လေး​ပေါ့... ငယ်​က​ပြောသည်​..။ 'သူ့အတွက်​ ဘာမှမလိုပါဘူးတဲ့ ကျွန်​​တော်​ရှိရင်​ပြည့်​စုံပါတယ်​' တဲ့​လေ..။ စကားသိပ်​တတ်​တဲ့ က​လေးရယ်​ပါ...။

ကျွန်​​တော်​က​တော့ ခြံထဲမှာပဲ family party​လေးပဲလုပ်​မယ်​စဉ်းစားထားသည်​..။
Jongdae Hyungရယ်​Xiumin Hyungရယ်​ Yifan​လောက်​ရယ်​ဆို ပြည့်​စုံပါတယ်​...။

"ဆရာ ပန်းထိမ်​ဆိုင်​ကဖုန်းဆက်​ပါတယ်​..ဆရာမှာထားတဲ့ ပစ္စည်းရပီတဲ့"

အတွင်း​ရေးမှူးမ​လေးကလာ​ပြောတဲ့စကား​ကြောင့်​ ကျွန်​​တော်​​ပျော်​သွားရသည်​..။ ကျွန်​​တော်​ကငယ်​အတွက်​ လက်​စွပ်​​လေးတစ်​ကွင်းမှာထားသည်​​လေ....။ ကျွန်​​​တော်​ကိုယ်​တိုင်​ဒီဇိုင်းဆွဲ၍မှာထားသည်​မို့ ဒီကမ္ဘာမှာတစ်​ကွင်းသာရှိမည့်​ လက်​စွပ်​က​လေး​ပေါ့..။

"​ကောင်းပီ​လေ ည​နေကျရင်​သွားယူလိုက်​မယ်​"

"ဟုတ်​ကဲ့"

Ring...Ring...

ဖုန်းဆက်​သူမှာ မည်​သူဟုထင်​သနည်း...?
Yifanပင်​~!

"​ဖေ့သား​လေး ​ပြော​!"

"မင်းကြီး​တော်​ကို သား​လေးပါလား...​သေချင်းဆိုး​ကောင်​"

Yifan​ကား သူတစ်​ခွန်းဆိုကိုယ်​ဘက့်​ကိုတစ်​ခွန်းပြန်​ပို​ပြောလိုက်​ရမှ ​ကျေနပ်​သည့်​အမျိုး..။ ကျွန်​​တော်​ ဟက်​ဟက်​ပက်​ပက်​ရယ်​​မောလိုက်​ရင်း...

"​ပြောကွာ မင်းအ​ဖေငါကအလုပ်​အားတာမဟုတ်​ဘူး "

"လ​ဒ! မင်းပါးစပ်​ကိုပိတ်​ထားစမ်း...ကျက်​သ​ရေတုံးတယ်​"

"​အေးပါ..​ပြောပါဆို ဘာကိစ္စလဲလို့"

"ငါ့crush Chayeollie က ငါ့ကိုပြုံးပြသွားတယ်​ကွ...​ပျော်​လိုက်​တာဆိုတာ​လေ Yifan ဘဝမှာအ​ပျော်​ဆုံး​နေ့လား မှတ်​ရတယ်​"

အူယားဖားယား ကြွားလုံးထုတ်​​နေသည့်​ Yifanကား တကယ့်​မနိုင်​စိန်​ပင်​..။ သူကမိဘရဲ့အလိုလိုက်​ခြင်းကိုခံရတာမို့ ယခုအချိန်​ထိအလုပ်​မရှိ အကိုင်​မရှိ..။

ငယ် (Z+U) Where stories live. Discover now