Ep-4

1.5K 148 8
                                    

(Zawgyi)

Jongin's point of view:

မွှေးလွန်းလှသည့်​ ရနံ့​​လေးတစ်​​ခု​ကြောင့်​ အိပ်​​ပျော်​​နေရာမှ နိုးလာခဲ့သည်​။

ဧကန္တ ငယ်​တစ်​ခုခုလုပ်​​နေတာများလား?

ဒီ​နေ့က week-end မို့ ကျွန်​​တော်​အားသည်​။ ငယ်​နှင့်​ Dateလျှင်​​ကောင်းမလားဟူ၍ပင်​​တွေးမိ​သေးသည်​။

အ​ပေါ်ထပ်​က​နေ အနံ့ရဲ့​ခေါ်​ဆောင်​ရာအ​နောက်​ကို​လိုက်​သွား​တော့ အဆုံးသတ်​ကမီးဖိုခန်းထဲမှာ။

ဖင်​လုံးလုံး​လေးကို လှုပ်​တုပ်​လှုပ်​တုပ်​နှင့်​ Apron ​လေးဝတ်​ကာ ချက်​ပြု​တ်​​နေ​သောငယ်​သည်​ ကျွန်​​တော့်​ရဲ့နတ်​သား​လေး။

ခြေသံလုံလုံဖြင့်​ ငယ့်​အနားကိုသွားပြီး ငယ့်​ရဲ့ခါးသိမ်​သိမ်​​လေးကို ​ဖက်​ကာ ​ထွေး​ပွေ့ထားလိုက်​သည်​။

"ကိုကို...နိုးပြီလား?"

ငယ့်​ရဲ့ဂုတ်​သား​ဖွေး​ဖွေးကို တစ်​ချက်​နမ်းလိုက်​ရင်း

"အင်း နိုးပြီငယ်​"

ရုတ်​တရက်​ ကျွန်​​တော့်​ဘက်​ကိုလှည့်​လာပြီး ကျွန်​​တော့်​ရဲ့နဖူး​ပေါ်လက်​တင်​ကာ စမ်း​နေသည်​။

"ကိုကို ​​နေမ​ကောင်းဘူးလားဟင်​?"

စိုးရိမ်​တကြီး​မေးလာတဲ့ငယ့်​​ကြောင့်​ ကြည်​နူးမိသွားရသည်​။ ကျွန်​​တော်​ရဲ့ကြက်​​ပေါက်​​လေးက ကျွန်​​တော့်​ကိုအရမ်းလည်းဂရုစိုက်​သည်​​လေ။

"​ကောင်းပါတယ်​ ငယ်​ရဲ့"

ငယ့်​ရင်​ခွင်​ထဲတိုးဝင်​ကာ ချွဲ​လေ​တော့..ငယ်​ကကျွန်​​တော့်​ ဆံပင်​​​တွေကို ခပ်​ဖွဖွထိုးသပ်​ရင်း..

"ကိုကို့ အသား​တွေအရမ်းပူ​နေတယ်​ ဖျား​နေတာဟုတ်​ပါတယ်​"

"ငယ်​ကလည်း ကိုကိုမဖျားပါဘူးဆို!! စိတ်​ပူတတ်​လိုက်​တာ"

ငယ့်​နှာ​ခေါင်းလုံးလုံး​​လေးကို ခပ်​ဖွဖွဆွဲရင်းဆို​တော့

"ချစ်​တာကိုး.."

Haha...စကားတတ်​လိုက်​တာငယ်​ရာ။ ဒီ​ကောင်​​ကြီးငုံထားပစ်​ချင်​တာအဲ့ဒါ​တွေ​ကြောင့်​။

ငယ် (Z+U) Where stories live. Discover now