My Little Prince-3

15K 1.1K 8
                                    

အခန်း(၃)

"...လှလိုက်​တာ...."

စုစု ...တိုးတိုး​လေး ​ရေရွတ်​လိုက်​သည်​....

အသားအ​ရေက ကြည်​စင်​​နေသည့်​အပြင်
ဖြူဖြူဥဥ​လေး........
အနည်းငယ်​ဆက်​သ​ယောင်​ထင်​ရသည့်
့်​မျက်​ခုံး​နက်​နက်​​တွေ​အောက်မှာ ​မျက်​​တောင်​​ကော့​ကော့​တွေက​နေရာယူလို့ထားသည်​...
သွယ်​လျလျမျက်​နှာ​လေးထက်​မှာ
အနည်းငယ်​ ​သွေ့​ခြောက်​​နေ​သော်​လည်း.....
နှုတ်​ခမ်းသား​လေး​တွေက ပန်း​သွေး​ရောင်
ထ​နေတုန်း......
နှာတံစင်းစင်း​လေးက အဖျား​ရောက်​မှ လုံးလုံး​လေး​ကော့တက်​​နေသည်​မှာ အသည်းယားစဖွယ်​ပင်​....

ဤအချင်းအရာ​တွေပိုင်​ဆိုင်​ထား​သော အနှီလူသားသည်​ ​ယောက်ျားတစ်​​ယောက်​တဲ့လား....
မနာလိုစရာ​ကောင်း​အောင်​လှလွန်းသည့်
ထို​ယောက်ျားအား......
မကြည့်​ဘဲလည်း မ​နေနိုင်​.....
အကြည့်​လည်းမခွာရက်​နှင့်​.......

ထိုလူ​ချော​လေး သတိ​မေ့​နေသည်​မှာ
ယခုဆို ၂ရက်​နှင့်​၁ည ရှိပြီ.....

မနက်​ခင်း မြစ်​ဆိပ်​ဖက်​မှာ
စုစုတစ်​​ယောက်​ အဝတ်​သွား​လျှော်​ရင်း
တွေ့ခဲ့ခြင်းဖြစ်​သည်​....

စ​တွေ့တုန်းက မိန်းက​လေးဟု ထင်​ခဲ့မိ​သေးသည်
နောက်​မှ ​ယောက်ျားတစ်​​ယောက်​မှန်းသိကာ
အံသြခဲ့ရ​သေး၏......
စုစုဘဝမှာ အ​ချောအလှဆိုတာ​တွေ
မြင်​ခဲ့ဖူးပါသည်​......
စုစု အလုပ်​လုပ်​သည့်​ လီဟွာ ​ဂေဟာဆိုတာ
အ​ချောအလှ အနုအရွ မိန်းက​လေး​တွေ
ပေါတဲ့ အ​ပျော်​​ဂေဟာတစ်​ခု မဟုတ်​ပါလား.....

"အင်း....ဟင်း.....အင်း..."

ညည်းသံသဲ့သဲ့ကြားမှ အသိဝင်​လာသည်​....

"ရေ.... ​ရေ...ဆာ...တယ်​"

စုစု သွက်​သွက်​လက်​လက်​ပင်​ ထိုလူ​ချော​လေး
ပါးစပ်​ထဲသို့ ​ရေ​ပေါက်​​လေး​တွေ ချ​ပေးလိုက်​သည်​...

ရေကို အငမ်းမရ​သောက်​ရင်း.....
ခဏကြာ​တော့ မျက်​လုံး​လေး​တွေ
ဖြေး​ဖြေးချင်း ပွင့်​လာသည်​....

My Little PrinceWhere stories live. Discover now