My Little Prince-5

13.3K 1.2K 6
                                    

အခန်း(၅)

ခန်းမထဲမှာ​တော့.....မိန်းမပျို​လေးများ၏...ခိုးခိုးခစ်​ခစ်​...
ရယ်​သံက လွင့်​ပျံလို့​နေသည်​........

ဗျတ်​စောင်းတီးခတ်​ပြီးသည်​နှင့်​....
ရှဟွမ်​အနည်းငယ်​စိတ်​လှုပ်​ရှား​နေသည်​.....
မ​နက်​ကတည်းက....စုစုထံမှ ....တစ်​စွန်းတစ်​စ...
ကြားသိထားရသည့်​သတင်း​ကြောင့်​.....
ဒီ​နေ့....လီဟွာ​ဂေဟာသို့.....
ချန်​တိုင်းပြည်​မှ...လူများ....လာမည်​ကို.....
သူသိထားပြီးဖြစ်​သည်​....
လှုပ်​ရှား​နေ​သော..စိတ်​ကို...တည်​ငြိမ်​​အောင်​ထိန်းရင်း
ခြေလှမ်းများကို...​ဂေဟာ အ​ပေါ်ထပ်​သို့..
ဦးတည်​လိုက်​သည်​.....

______________________________________

"အားဖန်​.....မင်းက...​အောက်​ထပ်​ကပဲ....
အ​ခြေအ​နေကို ​စောင့်​ကြည့်​​နေ......
ငါ...ဒီအခန်းမှာပဲရှိ​နေမယ်​...."

"​ကောင်းပါပြီ.....စစ်​သူကြီး..."

အားဖန်​....အရိုအ​သေ​ပေးပြီး....အခန်းတွင်းမှ....
လျင်​မြန်​စွာထွက်​ခွာသွားသည်​....

အားဖန်​ထွက်​သွားပြီးသည်​နှင့်​....မ​ရှေးမ​နှောင်းမှာပင်
မိန်းမငယ်​တစ်​ဦး...စား​သောက်​စရာများ လာချ​ပေးသည်
မှောင်​မဲ​နေ​သော...အခန်းကိုကြည့်​ရင်း.......
မိန်းမငယ်​​လေးက....မီးညှိရန်​...ပြင်​လိုက်​သည်​....

"မီးမထွန်းနဲ့.....ဒီတိုင်းပဲထားခဲ့ပါ"

သူ့တားမြစ်​သံအဆုံး.....မိန်းမငယ်​​လေးက....​ခေါင်းတစ်​ချက်​ညိမ့်​ပြီး.....ပြန်​လည်​ထွက်​ခွာသွားသည်​....

မှောင်​မဲ...တိတ်​ဆိတ်​​သော....
အခန်းတွင်း၌......
အရက်​ကို.....ဖြည်းညှင်းစွာ​သောက်​ရင်း.....
ကြား​နေရ​သော.......
တစ်​ဖက်​ခန်းမှ.....စကားသံများဆီသို့.........
အာရုံစူးစိုက်​လိုက်​သည်​......

______________________________________

ဗျတ်​စောင်းကို....ရင်​ခွင်​ပိုက်​ရင်း.....
အ​ပေါ်ထပ်​သို့....တက်​လာ​သော....
ရှဟွမ်​​ခြေလှမ်းများက.....တစ်​​နေရာအ​ရောက်​...
ရပ်​တန့်​သွားသည်​......
ရှေ့မှ ​လျှောက်​လာ​သော....
လူ၏ခါး၌......ချန်​နန်း​တော်​.....တံဆိပ်ကို
တွေ့မြင်​လိုက်ရသော​ကြောင့်​....
ရင်​ခွင်​ထဲရှိဗျတ်​စောင်းကို....
ခပ်​တင်းတင်းပိုက်​မိသည်​.....
မျက်​လွှာချထားရင်း.....
ထိုသူ​ဘေးမှ.....ဖြတ်​​လျှောက်​လိုက်​စဉ်​..တစ်​ချက်​သာ...​ဝေ့ကြည့်​ပြီး...ဆက်​​လျှောက်​သွား​သော​ကြောင့်​.....
မျက်​နှာကို....ပုဝါလွှမ်းထား​သည့်​......သူ့ကို...
မှတ်​မိဟန်​မတူ.....

My Little PrinceWhere stories live. Discover now