My Little Prince-12

14.6K 931 9
                                    

အခန်း (၁၂)

အ​နွေးဓာတ်​တစ်​ချို့နှင့်​ သင်းပျံ့ ပျံ့ကိုယ်​သင်းရနံ့​​လေးကြောင့်​ နှုတ်​ခမ်းတို့ကိုတွန့်​​ကွေး​အောင်​ပြုံးရင်း
သူနိုးထ လာခဲ့သည်
ကျော​ပေးလျက်​ ဆံနွယ်​ရှည်​နက်​နက်​တို့က 
အိပ်​ရာ​ပေါ်ဖြန့်​ခင်းလျက်​သား
နှစ်​နှစ်​ခြိုက်​ခြိုက်​ အိပ်​​ပျော်​​နေသည်​မှာ ပီဘိ
က​လေးငယ်​​လေးတစ်​​ယောက်​လို....
နိုးသွားမည်​စိုး​သော​ကြောင့်​ အသာအယာပင်
အိပ်​ရာမှ ထလာခဲ့လိုက်​သည်
ပြတင်း​ပေါက်​ကို ​ဖြည်းဖြည်း​လေးဖွင့်​ရင်း ​လောကကြီးကို
ကျေ​ကျေနပ်​နပ်​ ကြည့်​​နေမိသည်
ညကရွာသွန်းထားသည့်​ မိုး​ရေစက်​တို့​ကြောင့်
ကျောက်​စိမ်း​ရောင်​ တောက်​လို့​နေ​သော ဝါးပင်​​တွေ​ပေါ်
ေ​​နခြည်​ ​နွေး​နွေးဖြာကျလာပုံက ​မှော်​ပညာ
ဆန်​လွန်းလှသည်
ပြတင်းတံခါးမှ အလင်း​ရောင်​သည်​ အိပ်​ခန်းတွင်းသို့ တဖြည်းဖြည်း ဖြာကျလာသည်
နောက်​မှ လှုပ်​ရှားမှု​ကြောင့်​ သူလှည့်​ကြည့်​မိသည်
သူ့ဖက်​သို့ လူးလွန့်​လာ​သော ချစ်​မြတ်​နိုးရသူ.....
နာကျင်​​မှု​တွေကြားက သူ့ဘဝကို ​ပေးအပ်​ခဲ့သူ....
သေချာပါသည်​ ဒီ​ကောင်​​လေးနဲ့ သူမခွဲနိုင်​​တော့.....
အဖြူ​ရောင်​ခြုံ​လွှာက ခါးထိ​လျှောကျ​​နေ​သဖြင့်
အဝတ်​အစားတို့ကာရံ မထားသည့်​ ခန္ဓာကိုယ်​အ​ပေါ်ပိုင်း
မှာ သူ့အနမ်းရာတို့က တံဆိပ်​ကပ်​လျက်​သား
အနက်​​ရောင်​​တောက်​​နေသည့်​ ဆံနွယ်​​ပျော့​ပျော့တို့က
မျက်​နှာ​လေးကို ပိုလို့ ​တောက်​ပ​စေသည်
အလင်း​ရောင်​ကို ခံစားမိသည်​ထင်​ သွယ်​လျ​သော လက်​တို့ကို နှာဖူး​ပေါ်တင်​လျက်
တစ်​စိမ့်​စိမ့်​ကြည့်​​နေရင်း ရုတ်​တရက်​ သူ့မှာ အကြံတစ်​ခု​ပေါ်လို့လာ​လေသည်
အလျင်​အမြန်​ပင်​ ​ခြေဖွဖွနင်းကာ စုတ်​တံနှင့်​ စက္ကူလိပ်​တစ်​ခုကို ယူလိုက်​သည်
ထို့​နောက်​ သူ့​ရှေ့မှမြင်​​နေရ​သော အလှတရားကို
စတင်​​ရေးခြယ်​မိ​တော့သည်

ချန်နန်း​​တော်က ထွက်​လာကတည်းက ​​​နှစ်​နှစ်​ခြိုက်​ခြိုက်​ မအိပ်​စက်​ရသည်​မှာကြာပြီဖြစ်​သည်
ဘယ်​​လောက်​​တောင်​ သူ့စိတ်​မှာ လုံခြုံလိုက်​သလဲဆိုရင်
အိပ်​မက်​ပင်​ မမက်​နိုင်​....
ရှဟွမ်​ မသိစိတ်​ထဲက​ရော အသိစိတ်​ကပါ
ဒီလူကြီးအ​ပေါ် ယုံကြည်​မှုသည်​ ထင်​ထားသည်​ထက်
သာလွန်​၍​နေသည်
နိုးလာလာခြင်း ​နွေး​ထွေးမှုနှင့်​ နာကျင်​မှုတို့ကို တစ်​ပြိုင်​နက်​တည်းခံစားလိုက်​ရ​လေသည်

My Little PrinceWhere stories live. Discover now