ကွပ်ပျစ်လေးနဲ့တဲအိမ်သေးသေးလေးရှေ့မျက်နှာစာအကျယ်ကြီးတွင် မုံလာဥနီပင် မုန်ညှင်းပင် ဆလပ်ရွက် ခရမ်းချဉ်သီးပင်များနဲ့စိမ်းစိမ်းစိုစိုလှပနေသောစိုက်ခင်းရှိပါသည်
ဒါပေမဲ့ဒီနေ့မနက်ရဲ့မုလာဥနီစိုက်ခင်းမှာတော့ဖရိုဖရဲနဲ့တစ်ယောက်ယောက်ဝင်နှောက်ထားသလို...
အိမ်လေးထဲကနေဝါးသမ်းပြီး ခေါင်းစုတ်ဖွားနဲ့အဝါရောင်တီရှပ်ကိုအာလာဒင်ဘောင်းဘီထဲထည့် ဘောင်းဘီကိုရင်ဘတ်အထိဆွဲတင်ပြီး ဟိုကုတ်ဒီကုတ်နဲ့သူရဲ့စိုက်ခင်းကို လှမ်းကြည့်လိုက်တဲ့ခဏ..
*ငါများမျက်စိမှားနေတာလား ငါညကအိမ်ပြန်အိပ်ပါတယ် သူများအိမ်မှာလည်းမအိပ်ပါဘူး အိမ်မက်မက်နေတာလား
မျက်စိနှစ်လုံးကိုအားရပါးရပွတ်သပ်ရင်း စဉ်းစားခန်းဝင်နေတဲ့တစ်ယောက်..ခဏနေတော့
*ဒိုဆူး ဒိုဆူး ဟေ့ရောင် ဒိုဆူး..
*ဘာလဲကွာ ငါအိပ်ရေးမဝသေးဘူး ဒီနေ့မင်းထမင်း ဟင်းချက်ရမဲ့အလှည့်လေ
*အဲဒါအသာထားအုံး
*ဒေါက်
*အားး နာတယ် ဘာလို့ခေါက်တာလဲ ပါပီဘတ်ရဲ့
အားရှိ ဒီကတုံးကိုဘဲလာခေါက်နေတယ် ဆယ့်နှစ်မိနစ်ကြီးတဲ့အကိုဆိုပြီး သိပ်ပီးအနိုင်ကျင့်တာဘဲ
*အိမ်မက်မဟုတ်ဘူးဘဲ...အမလေး လေး ငါ့မုံလာဥတွေတော့ကုန်ပါပီ ငါအမြတ်တနိုးထားပြီးစိုက်ထားတဲ့အပင်လေးတွေ ဒါဘယ်သူ့လက်ချက်လဲ
*ပါပီဘတ် မနက်စောစောဘယ်လိုဖြစ်နေလဲ ဘာလို့အော်နေတာလဲ
*မအော်လို့မရဘူးကွ ဒါဘယ်သူ့လက်ချက်လဲငါသိတယ် တွေ့မယ် တွေ့မယ်
မရှိတဲ့ဗလတွေနဲ့လက်သီးလက်မောင်းသန်းကာ သူရဲ့ခြံစည်းရိုးနားသွားကာ အားမာန်အပြည့် ခုန်ဆွခုန်ဆွနဲ့အော်နေသည်
YOU ARE READING
Baby Carrot
Fanfictionရွာဇာတ်လမ်းသဘောမျိုးပါ.... မြို့သားလေးရီရှင်းနဲ့တောသားလေးဆူဟိုတို့ရဲ့အချစ်ဇာတ်လမ်း...