*ပါပီဘတ် ငါတို့ရွာမှာဆရာဝန်ရောက်နေတယ်ဆို ဟုတ်လား
*အင်း ဟုတ်တယ် ပရဟိတဆရာဝန်တဲ့ အခုငါတို့ရွာရောက်နေတာ သတင်းကြားတာတော့အရမ်းချောတာဘဲတဲ့
*ဟုတ်လား ကိုကိုရှင်းထက်ချောတာလား
*အဲတာတော့ဘယ်သိမလဲ ငါလည်းမမြင်ဖူးသေးဘူး
*အဲ့ဆို သွားချောင်းကြည့်ရအောင်
*အင်း ရွာဆေးခန်းမှာရှိတယ်တဲ့ သွားမယ်
အပြင်အပေါက်ကနေ ဆရာဝန်လေးကိုခိုးကြောင်ခိုးဝှက်ချောင်းကြည့်ကာ ပါးစပ်မစိနိုင်ဖြစ်နေသော ဆူဟိုနဲ့ဘတ်ဟွန်း
အထဲကဆရာဝန်လေးကတော့ အမွှေနှစ်ယောက်ကိုမျက်စိအစာထပ်ကျွေးလိုက်သေးသည် သာသာယာယာအဝတ်လဲလို့်..
*ဝါးးး ရှစ်ပတ်စ်ကြီးနဲ့ ဖက်အုပ်ချင်စရာကြီး
*အားကိုးချင်စရာကြီး
မျက်တောင်မခတ်ငေးပီး သွားရည်ကျနေလေရဲ့..
*ကိုကိုရှင်းဆီကအနမ်းတစ်ခါရလိုက်တဲ့ခံစားချက်မျိုးဘဲ အဟိ မိုက်လိုက်တာ
*ကိုကိုသူကြီးလိုအရှည်ကြီးဘဲ ခိုက်တယ်
တန်းခနဲဆူဟိုအကြည့်က ဘတ်ဟွန်းဘက်သို့...
*ရားး ဘာ ဘာပြောတာလဲ
*အရပ်ပြောတာကွ ဘာပြောတယ်ထင်နေလို့်လဲ အောက်ပိုင်းမှမချွတ်တာ မင်းမမြင်ဘူးလား
*နှာဘူးအကြီးစား
*တူတူဘဲ ဆက်ချောင်းစရာရှိတာချောင်း
အပြန်လမ်းတွင်မှိုရသောမျက်နှာ မျက်နှာရူးအပြုံးနဲ့ အူထကာတက်ကြွနေတဲ့ဆူဟိုနဲ့ဘတ်ဟွန်း
*ဟေ့ရောင် ပါပီဘတ် ချောင်းပီးကြည့်ရတာလည်းဖီလင်တစ်မျိုးပေမဲ့ ငါအနီးကပ်ကြည့်ချင်တယ်ကွ အနီးကပ်ဆိုဘယ်လောက်များချောလိုက်မလဲ အခုတောင်မဟားတရားကိုချောနေတာ
YOU ARE READING
Baby Carrot
Fanfictionရွာဇာတ်လမ်းသဘောမျိုးပါ.... မြို့သားလေးရီရှင်းနဲ့တောသားလေးဆူဟိုတို့ရဲ့အချစ်ဇာတ်လမ်း...