*ချန်ယောလ် ဒီကိုခဏလာအုံး
ရေချိုးနေရင်းတန်းလန်း ရေနွေးထိုင်ထိုင်သောက်နေတဲ့
ချန်ယောလ်ကို မျက်လုံးတွေကရှေ့ကိုကျွတ်ထွက်မတတ်ကြည့်ပီး နောက်ပစ်လက်ယက်ခေါ်နေတဲ့ ရီရှင်း*အင်း ဘာလိုလို့လဲ
*ငါ ငါ အသက်ရှူ မရှူ စမ်းကြည့်ပေး
*အော် အေ အေ
ယောင်ယောင်မှားမှား ကြောင်တောင်တောင် အရိုးခံမျက်နှာ
လေးနဲ့ ချန်ယောလ်တစ်ယောက် သူ့လက်နှစ်ချောင်းနဲ့
ရီရှင်းနှာခေါင်းနားကပ်စမ်းပေးလိုက်သည်*ဟာာ မင်းအသက်ရှူနေလို့ ငါ့စကားပြောလို့
ရတာပေါ့.. မင်း မင်း ဆူဟိုနဲ့ပေါင်းပီးရူးသွားတာ
မဟုတ်ပါဘူးနော အေးလေ ဆူဟိုနဲ့ပေါင်းပီးမရူးတဲ့လူမှ
ထူးဆန်းနေလို့ပေါ့မျက်လုံးကတော့ရှေ့ကနေမရွေ့ စိတ်ဝိညဉ်ဘဲလွင့်ပျောက်သွားသလို
*ဟုတ်တယ် ရူးနေပီ ယောက်ျားလေးတစ်ယောက်က
အဲ့လောက်ချစ်စရာကောင်းဖို့လိုလို့လား ကွာချန်ယောလ်တံတွေးတစ်ချက်မြိုချလိုက်ပီး စိတ်ဝိညဉ်ပြန်လာအောင်ဆိုပီး ရီရှင်းလက်ထဲကစတီးခွက်ကိုယူပီးခေါင်းတစ်ချက်ထုပေးလိုက်သည်
*ဒေါင်...
*အမလေး သူကြီး!! ကိုကိုရှင်းကိုဘာလုပ်တာလဲ
*မြတ်စွာဘုရား..
*ဟာ ကိုကိုသူကြီး တစ္ဆောသရဲများမြင်လို့်လား ကြီးကောင်ကြီးမားနဲ့ ဖင်ထိုင်လဲကျရတယ် လို့
မျက်မှန်အဝိုင်းကြီးတပ်ပီးတော့ သူ့ကိုလာအော်တဲ့ ဆူဟို
ကိုမြင်ပီး လန့်ဖျတ်ကာ ဖင်ထိုင်လျက်လဲကျခြင်း..သူကသာလန့်ပီးလဲကျတာ ရီရှင်းကတော့ငေးနေတာ
ရေတွေလား သွားရည်တွေလား ပါးစပ်ထဲကစီးကျလို့..*ကိုကိုရှင်း ကိုကိုရှင်း သတိထားပါအုံး..အိုမို အိုမို
ဘယ်လိုလုပ်မလဲ စကားမေးဖော်တောင်မရတော့ဘူး
ဟင့် ဟင့် သူကြီးကိုတရားစွဲမယ် စွဲမယ်
YOU ARE READING
Baby Carrot
Fanfictionရွာဇာတ်လမ်းသဘောမျိုးပါ.... မြို့သားလေးရီရှင်းနဲ့တောသားလေးဆူဟိုတို့ရဲ့အချစ်ဇာတ်လမ်း...