*ကိုကိုရှင်း ရော့ စားကြည့်..
*ဟင်
*မုလာဥနီလေ ကျုပ်ကလေးတွေဆိုအရမ်းကြိုက်တာ ကိုကိုရှင်းလည်းစားကြည့်..ကျုပ်အသားအရည်လေးလှနေတာလည်းဒီမုံလာဥကြောင့်ဘဲ
*ဟား ပြောတတ်လိုက်တာ
*ဟုတ်တယ် ဟီးး
ရွာထိပ်သစ်ပင်အောက်တွင်ချိန်းတွေ့နေကြသောသူတို့နှစ်ယောက်
*ချိုတယ်နော ဟိုလေးစိုက်ထားတာလား
*ဟင် ဘယ်နားကဟိုလေးလဲ ဟိုလေးလည်းမစိုက်ဘူး ကျုပ်လည်းမစိုက်ဘူး ပါပီဘတ်အိမ်ကခိုးထားတာ
*ရော် ဒီကဆူဟို ဟိုလေး ကိုပြောတာပေါ့
အသဲယားစွာဆူဟိုပါးနှစ်ဖက်ကိုညှစ်ပီးပြောလိုက်သည်
*ဟိုလေးလား သဘောကျတယ် ဒါနဲ့ကျုပ်ကအရင်ကိုကိုရှင်းကိုရည်းစားစကားမပြောဘူးနော ကိုကိုရှင်းအရင်ပြောတာ
*ကြားလား..ဘာရယ်နေတာလဲ
*ဟုတ်ပါပီ
*ကိုကိုရှင်း ပျင်းတယ် ဟိုးဘက်ရွာမှာကြက်ဝိုင်းရှိတယ်တဲ့ သွားကြည့်ကြမလား
*ဟင် ကြက်ဝိုင်း
*ဟုတ်တယ်လေ လာ သွားကြည့်ရအောင်
ကြက်ဝိုင်းကိုစိတ်ဝင်တစားကြည့်နေသော ဆူဟို..ဘေးကိုကြည့်လိုက်တော့ ရီရှင်းဘေးတွင်ဝိုင်းဝိုင်းလည်နေသောရွာသမလေးများ
*ဟယ် ချောချက် ရီလိုက်ရင်ပါးချိုင့်ကလေးနဲ့..
ပြောလည်းပြော ရီရှင်းကိုတို့ကြည့်နေသော ရွာသမလေးများ
ဆူဟိုကြည့်မရတော့..ကိုကိုရှင်းကဘာလို့လိုက်ပြုံးပြနေတာလဲ အဲ့အပြုံးကိုမြင်မှတော့အဲ့အစစ်မတွေရွထကုန်ပီပေါ့
မျက်မှောင်ကြုံ့ကြီးနဲ့ရီရှင်းအရှေ့တွင်လက်နှစ်ဖက်တန်းကာဝင်ကာလိုက်သောဆူဟို..ရီရှင်းလေးတော်တော်လုံခြုံသွားမှာဘဲ
YOU ARE READING
Baby Carrot
Fanfictionရွာဇာတ်လမ်းသဘောမျိုးပါ.... မြို့သားလေးရီရှင်းနဲ့တောသားလေးဆူဟိုတို့ရဲ့အချစ်ဇာတ်လမ်း...